နေညိုချိန်မှာတော့ နက်ပြောင်နေတဲ့
အကောင်းစား ကားပေါ်တက်သွားတဲ့သူ့ကို
ဖမ်းဆုတ်ချင်တဲ့ အတ္တငွေ့ငွေ့ဟာ
နေအလင်းနဲ့အတူ တဖြည်းဖြည်းမှိန်ဖျော့လာတယ်။စက်ဘီးစတန်း နားမှာရပ်ပြီး စက်ဘီးမထုတ်နိုင်သေးဘဲ သူ့ကို ရပ်ရင်း ကြည့်နေမိတာ အရမ်းရှက်ဖို့ကောင်းတာပဲ။
အနီးဝန်းကျင်ကို သတိထားမိမှ သူ့ရဲ့
သူငယ်ချင်းထဲက တစ်ယောက်ဟာ ကိုယ့်ကို သတိထားမိနေတာကြောင့် မျက်နှာဟာ ရှက်သွေးဖြန်းလာတော့တယ်။"လာ ငါနဲ့လိုက်ခဲ့ Jimin"
Taemin နောက်ပြောင်မှုကြောင့် အနည်းငယ်တော့ တင်းထားတာ လျော့ပေါ့သွားတယ်။
ဆိုင်ကယ် အနက်ရောင်လေးပေါ်မှ Taemin က သူ့ကို အမြဲ လိုက်ပို့ဖို့ ခေါ်နေကျပေမယ့် ကိုယ်ကလည်း ငြင်းနေမိဆဲ။ မင်းများ ကိုယ့်ကို ယောင်လို့ မျက်စိကျမယ်ဆိုတဲ့ အတွေးတွေဟာလည်း မနက်ခင်း ခဏသာ ဝေတတ်တဲ့ မြူခိုးရိပ်တွေ လိုပါဘဲ။"စက်ဘီးက ရောင်းလိုက်ရမှာလား?"
ကိုယ်ဟာ အတတ်နိုင်ဆုံး မင်းအကြောင်းမတွေးမိအောင်နေရင်း နောက်ပြောင်ကျီဆယ်မိတယ်။
"မင်းစက်ဘီးက သံရည်ကြိုစက်ထဲပို့ရမှာ..ဘယ်သူက ဝယ်မှာတုန်း"
ပြောပြီး လျှာထုတ်ပြကာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းနှင်သွားတဲ့ Taemin ကြောင့် လွတ်လပ်စွာ ငှက်ကလေး တစ်ကောင်လို ရယ်မောပြစ်လိုက်တယ်။သူက ကိုယ်သူနဲ့ မလိုက်ချင်မှန်းရိပ်မိလွယ်တယ်။ Taemin က ကိုယ့်ရဲ့ အရိပ်အကဲကိုတော့ ကောင်းကောင်းကြီးသိတယ်။
ကိုယ့်ကို သူ့ရဲ့စိတ်ထဲမှာတော့ ချိုချဉ်လိုချင်လို့ ငိုယိုနေတဲ့ ကလေးတစ်ယောက်ကို သနားတဲ့ စိတ်မျိုးဘဲ ရှိမှာလို့တွေးမိတော့ ကိုယ်သူ့ကို ပိုပြီး မှီခိုချင်လာတယ်။ဒီလိုအချိန်မှာ စက်ဘီးနင်းရတာ သိပ်အရသာ ရှိတာပဲ။နေလုံး နီနီက သစ်ပင်ရိပ်တွေကြားမှာ ပေါ်လိုက်ပျောက်လိုက်နဲ့။ အရှိန်ရအောင်
နင်းလာရင်း ထင်းရှုးရိပ်တွေကြားမှာ လေတိုးမှုနဲ့ အတူ အေးစိမ့်စပြုလာတယ်။ တောင်ကုန်းပေါ်ကို အတင်းနင်းတတ်ရင်း အဆင်းကျ ထိမ်းဆင်းရင်း သတိထားရင်းတောင်း မင်းကို စိတ်အစဉ်အကြားအလပ်မရှိ မက်မောနေမိတုန်းဘဲ။
အကွေ့အဝိုက်နဲ့ တောင်တတ်လမ်းတွေကိုနင်း လာရင်းလည်း မင်းကို နည်းနည်းလေးတောင် မမေ့ခဲ့ပါဘူး။