SMOKEY EYES<>Twelve

819 111 32
                                    

မှောင်​ရီမဲမဲတိမ်​တိုက်​​တွေမှာ ငယ်​ငယ်​ကမိုး​ရေထဲ ​ပျော်​ပါးဖူးတဲ့ အဖြူထည်​အိမ်​မက်​​တွေ လွင့်​ပါ​နေတယ်​။အခုက အိပ်​ပျက်​ည​တွေများလာတယ်​။ကော်​ဖီ​တွေလည်း အ​ငွေ့​သေလာတယ်​။ကိုယ့်​နှာ​ခေါင်းထဲ ​မွှေး​နေတဲ့ ရနံ့တစ်​ခုရလိုက်​တယ်​။ဟုတ်​တယ်​ အဲ့ဒီအနံ့ ။ အိမ်​မက်​ထဲမှာရခဲ့တဲ့ အနံ့​​လေ။သံ​ချေးကိုက်​​နေတဲ့ စက်​ဘီးဟာ မိုး​ရေဒဏ်​ တစ်​ပတ်​​လောက်​လည်း ခံပြီး​ရော မရှုမလှ ဇာတ်​သိမ်းသွားပြီ။အရင်​က စက်​ဘီးနဲ့ ဝိုးတဝါးဖြတ်​​ပြေးခဲ့တဲ့ အရိပ်​​တွေဟာ အခု​တော့ လမ်းရဲ့ တစ်​ဖက်​တစ်​ချပ်​စီမှာ အုံ့မှိုင်းမှိုင်းသစ်​ပင်​အို​တွေအဖြစ်​ ကိုယ့်​ကို ပြန်ဖြတ်​​ပြေး​နေကြတယ်​။

ကိုယ်​ရ​နေတဲ့အနံ့ဟာ ​တောထဲတစ်​​နေရာက ဖြစ်​နိုင်​တယ်​။အမျိုးဇာတ်​တစ်​ခုမှာပါပဲ။ယောကျာ်း​သေရင်​ မိန်းမက ရက်လည်တိုင်းမှာ ​​​အမြဲတမ်းအ​မွှေးခဲထွန်း​ပေး​နေကြ​လေ။အဲ့ဒီအ​မွှေးနံ့​တွေ ကြိုင်​လှိုင်​​နေတုန်း ကိုယ်​ဟာ တီဗီအိုကို​ငေး​နေခဲ့တဲ့ ​နေ့​တွေအများသား။ငေး​နေ​ပေမယ့်​ ကိုယ့်​အမြင်​မှာ Jeon သာကြီးစိုး​နေတာ မငြင်းချင်​ဘူး။ သွားလည်းဒီစိတ်​ စားလည်းဒီစိတ်​လို့​ပြော​နေကြတဲ့ အဲ့ဒီစိတ်​မှာ Jeon ခိုတွယ်​လာ​တော့ စားလည်းမစားနိုင်​ သွားလည်းမသွားနိုင်​ဖြစ်​ရတယ်​။

ဝတ်​လာတဲ့ မိုးကာအင်္ကျီအဝါ​က ကိုယ်​မှာကပ်​​နေ​တယ်။အကာအကွယ်​မပါဘဲ သွားလိုက်​ချင်​​​ပေမယ့်​ ​နေ​မ​ကောင်းဖြစ်​ရမယ့်​ရက်​​တွေအစား Jeon ကိုပဲ​ငေး​မော​နေချင်​တယ်​။အ​မေတိုက်​မဲ့ ညှီစို့စို့ အရည်​ကျဲကျဲ စွပ်​ပြုတ်​ဟင်းချို ကိုလည်း မ​သောက်​ချင်​တာပါမှာ​ပေါ့။နဂိုကမှ ဖြူ​ဖျော့ပိန်​ပါး​နေတဲ့ ကိုယ်​ဟာ ​နေမ​ကောင်းတစ်​ခါဖြစ်​ပြီးရင်​ အဖြူ​ရောင်​ပိတ်​စလို ပါးလှပ်​​ပျော့​ခွေသွား​ရော​လေ။

မျက်​မှန်​ထူထူက ​ရေစီး​ကြောင်း​တွေ​ကြောင့်​ အ​ရှေ့လမ်းကို​သေချာ သဲသဲကွဲကွဲ မမြင်​ရဘူး။ဖိနပ်​​တွေပါ စိုစွတ်​ကုန်​တာ​ကြောင့်​ မိုးကို ထုံးစံအတိုင်း ကျိန်​ဆဲလိုက်​ရ​ရော။Jeon ​ရော မိုးကိုကြိုက်​လားဟင်​။

smσkєч єчєsWhere stories live. Discover now