ချစ်ခြင်းမေတ္တာဆိုတဲ့ ဟာကြီးကို
မယုံကြည်နိုင်ခြင်းက အစပြုလို့
တဖြည်းဖြည်း ကြောက်ရွံ့လာခဲ့တယ်။တစ်ခါ
တစ်ခါ သိပ်ကိုရွံမုန်းလာတယ်။ သွေးကြောတွေထဲကနေ တန်ပြန်ရုံးကြွလာတဲ့ ဆာလောင်မှုတစ်ခုက လက်စားချေခြင်း။ ဒါပေမယ့် ဘယ်သူ့ကို လက်စားချေရမှာလဲ။ သက်ဆိုး မရှည်ရှာတဲ့ ဟိုမိန်းမက စိတ်ကျရောဂါအဆိုးအရွားကို အလူးအလဲ ခံစားပြီး ငရဲကို သွားရှာပြီလေ။အဟက်!
ဆေးလိပ်တွေ ကူးတို့ခ ပေးလိုက်တယ်။ပူးပေါင်းဆောင်ရွက်မှု။
အကျိုးအမြတ်တစ်ခုတည်း အတွက်လား။
ချစ်ခြင်းတရားမပါဝင်တဲ့ အပေးအယူတစ်ခုမှာ ယုံကြည်ခြင်းဆိုတာ ရှိနိုင်ပါ့မလား။
ဒါတွေမသိဘူး။ သေသွားတဲ့ ဆယ့်ရှစ်နှစ်အရွယ် လူယုံတစ်ယောက်နေရာမှာ အစားထိုးဖို့ ရှစ်နှစ်အရွယ်ကလေး တစ်ယောက်ကို ပျိုးထောင်ခဲ့တယ်။အထင်မမှားပါနဲ့။ နှလုံးသားမြေပြင်ထက်
ချစ်ခြင်းမေတ္တာ နဲ့ပျိုးပြီး ကြင်နာခြင်းထပ်
လောင်းကာ တယုတယ ပျိုးကျဲခဲ့တဲ့ ပန်းလေးတစ်ပွင့် တော့မဟုတ်ဘူး။မာကျော
လွန်းတဲ့နွယ်တွေ အထပ်ထပ်ရစ်ပတ်ထားပြီး
ဆူးရိုင်းအပြည့် နဲ့ ခြုံလွှမ်းထားကာ ပွက်ပွက် ဆူတဲ့ ငရဲကသံပူရည်လောင်းထားတဲ့
ကြောက်မက်ဖွယ်ရာအတိပြီးသော အဆိပ်ပင်။နေ့ခင်းဘက်မှာ အရမ်းချစ်စရာကောင်းတဲ့ ယုန်သူငယ်လေး Jeon Jung Kook။
ညဘက်မှာတော့ လူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မြေခွေး ဒက်ကာ(Darker)။
ကြာတော့လည်း အလင်းရောင်ဖျဖျ လေးကို အမှောင်ထုက သိပ်သည်းလာတာနဲ့အမျှ ဝါးမြိုသွားတော့ နေ့ဘက်နဲ့ညဘက် တစ်သားတည်း ဖြစ်သွားတာပါဘဲ။သွေးအေးရက်စက်တတ်လွန်းတဲ့ နှလုံးသားမရှိတဲ့ ပုံမျိုး။ သူ့အသည်းနှလုံးက ရေခဲရိုက်ထားသလို အေးစက်တောင့်တင်းလာ
တာနဲ့အမျှ မျက်နှာကပါ အရယ်အပြုံးမရှိလိုက်သေလာတော့တယ်။