နှိုးစက်နဲ့မှ နိုးတတ်တဲ့ ကိုယ့်အဖို့ ဒီနေ့မနက်က ဆန်းသစ်နေတယ်။မမြည်ခင် နှိုးစက်ကို ပိတ်ထားမိလိုက်တယ်။အထင်ကြီးသွားတာပဲ နေမှာပါ။Jeon မပါတဲ့ကိုယ့်အိမ်မက်တွေကို ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည်လိုက်လို့လေ။
ဟုတ်တယ်။ကိုယ်မအိပ်ရသေးဘူး။မနေ့ကအဖြစ်အပျက်ကိုပြန်တွေးပြီး ကိုယ်ဟာ
ကိုယ့်ကိုကိုယ် နားလည်အောင် ကြိုးစားနေရလို့ပဲ။Jeon။ကိုယ့်ကို တစ်ချက်လေးမှကြည့်မသွားတဲ့ Jeon။အိမ်မက်မဟုတ်မှန်းသိရက်နဲ့တောင် ဘာမှမဖွင့်ဟရဲတဲ့ကိုယ်သည် ညံ့လွန်းလိုက်တာ။ပျော့ညံ့လိုက်တာ။ရေချိုးခန်းထဲက မှန်ရှေ့ကိုရောက်တော့ မြင်နေရတာ အရှုံးသမားတစ်ယောက်။ညိုနေတဲ့မျက်ကွင်း၊ဖောင်းအစ်နေတဲ့ မျက်အိတ်ကြောင့် ကြည့်ရဆိုးနေတဲ့ မျက်နှာကို မျက်မှန်ထူထူ ထပ်ဖြည့်လိုက်တယ်။ကိုယ်ဟာ Jeon အတွက် ကစားစရာတစ်ခုဆိုရင်
တောင်သိပ်ကို အကျဉ်းတန်နေတဲ့ အရုပ်တစ်ရုပ်ပဲ။Bathtub ထဲမှာ ရေဖြည့်နေတုန်း အေးခနဲလေဖြတ်တိုက်သွားတာမို့ အပြင်ကို ကြည့်လိုက်မိတယ်။ အခုအပြင်မှာ မိုးအုံ့ပြီး လေလည်းတိုက်နေတယ်။မိုးငွေ့ပါတဲ့လေအချို့က ပိတ်မထားတဲ့ ပြတင်းက ဝင်နေတော့ အေးစိမ့်သွားတာအမှန်။ထင်းရူးရိပ်တွေက မှိုင်းပြပြလောက်ပဲ မြင်ရတယ်။မျက်မှန်ကြောင့်လည်း ဖြစ်မယ်။
မျက်မှန်ကအနီးမှုန်အတွက် ဆိုတော့ မျက်မှန်တပ်ထားပြီး အဝေးကိုကြည့်တိုင်း ဝါးတားတားပဲ။ဒါလည်းတစ်မျိုးကောင်းတယ်။ကိုယ် မြင်ဖို့သိပ်ပြီး စိတ်ပါမနေတဲ့သူတွေကို Blur ပြီးသားဖြစ်တာပေါ့။ရေချိုးခန်းထဲမျက်မှန်ကြီး တပ်ထားရတာတော့ ရည်ရွယ်ခဲ့တာ ဒီနေ့ဖြေမယ့် စာမေးပွဲအတွက် စာကျက်မလို့ပဲ။ဒါပေမယ့် မျက်မှန်ကို ပြန်ချွတ်ပြီး ဘေစင်ပေါ်ပြန်တင်ထားလိုက်တယ်။ကိုယ်စာကျက်လို့မရလောက်ဘူး Jeon။
Bathtub ထဲဝင်ထိုင်လိုက်တော့ အသဲခိုက်လောက်အောင် အေးတဲ့ ရေတွေနဲ့ ကြုံလိုက်ရတယ်။Jeon ရောအခုချိန် ဘာတွေများလုပ်နေမှာပါလိမ့်။ခမ်းနားလှပါသည့် အိမ်အိုကြီးရဲ့ အနီရောင်ကတ္တီပါအပြည့်ခင်းကျင်း ထားသော Kingside Bed ပေါ်မှာ အိပ်နေမှာလား။ချောမောလွန်းတဲ့ ကောင်မလေးတစ် ယောက်ယောက်နဲ့လား။အတွေးတွေ Jeon ဆီရောက်သွားတာနဲ့ အဲ့ဒီညကို မှတ်ဉာဏ်က ကူးလူးသွားပြန်တယ်။Bathtub ထဲထိုင်ရင်း တွေးနေမိတာ Jeon ရဲ့ တတ်တူးတွေကို တမ်းတရင်း အာသာဖြေရမလား ကိုယ့်ကိုကိုယ် ရေထဲနှစ်ပြီး အဆုံးစီရင်လိုက်ရမလား ဆိုတာပဲ။
