Because Of You 9

2.7K 368 237
                                    


Zawgyi



"​မောင်​​လေး ငါလှရဲ့လား"

ဒီ​နေ့ tutorial ​ဖြေရမည်​ ဖြစ်​​သော​ကြောင့်​ ကျွန်​​တော်
အိမ်​မှ ​စော​စောထွက်​ရန်​ ပြင်​​နေချိန်​ အစ်​မက ကျွန်​​တော့်
အခန်းထဲ ဝင်​လာပြီး ​မေး​သည်​ ။

"ငါ့အစ်​မက လှပြီးသား"

"အမယ်​ အ​ပြော​ကောင်း​လေး ကိုနဲ့ date ရမှာဆို
တော့​လေ ဟီး ငါလှ​နေမှ ဖြစ်​မှာ"

ဟုတ်​သားပဲ ။ ဒီ​နေ့ အကိုနဲ့ အစ်​မ ​တွေ့ကြမှာပဲ ။
ကျွန်​​တော်​က​တော့ အကိုမရှိတဲ့ ​ကျောင်း​တော်​ကြီးထဲ
ပျင်းရိစွာ သွားရဦးမည်​ ။

ဒါဆို ဒီ​နေ့တစ်​​နေ့လုံး အကိုမျက်​နှာ​လေးကို ​တွေ့ခွင့်
မရှိ​တော့ဘူးပဲ ။

ကျွန်​​တော်​​တော့ အကို့ကို လွမ်း​နေရဦးမည်​ ။ ကျွန်​​တော်
အကို့ကို လွမ်း​နေချိန်​ အကိုက​တော့ အစ်​မနဲ့​ပျော်​​နေ
မှာပဲ ။

ငေးကြည့်​ရုံ​လေးပဲ တတ်​နိုင်​တဲ့ဘဝကို ကျွန်​​တော်​မုန်း
လိုက်​တာ အကိုရယ်​ ။ ဒါ​ပေမယ့်​​လေ ​ငေးကြည့်​ခွင့်
လေး​တောင်​ မရ​တော့မှာကို​တော့ ကျွန်​​တော်​ ပို
မုန်းပါတယ်​ ။

"ကိုယ့်​အခန်းကိုယ်​ပြန်​​တော့ ငါ ​ကျောင်းသွား​တော့မယ်​"

"ဟင်​ အ​စောကြီး"

"ဟုတ်​တယ်​ ဒီ​နေ့ tutorial ​ဖြေရမှာမို့လို့"

"Ok ok fighting မမ​မောင်​​လေး"

အစ်​မအခန်းထဲက ထွက်​သွားမှ လိုအပ်​တာ​တွေယူကာ
ကျွန်​​တော်​ အိမ်​ထဲမှ ထွက်​လာခဲ့သည်​ ။

ဖြစ်​နိုင်​ရင်​ ကျွန်​​တော့်​အလွမ်း​တွေ​ပြေ​ပျောက်​​ဖို့ အကို့
မျက်​နှာ​လေးကို ခဏ​လောက်​ မြင်​ချင်​လိုက်​တာ ။

ဒါဟာ ဘယ်​လိုမှ မဖြစ်​နိုင်​ဘူးမလား?



"​ဂျောင်​ဆူးငါ ဒီမှာ"

ကျွန်​​တော်​ ​ကျောင်း​ရှေ့သို့အ​ရောက်​ ထယ်​ဂူ့က လက်
လှမ်းပြ​တော့ ကျွန်​​တော်​ရယ်​ပြရင်း ထယ်​ဂူ့ဆီ ​သွားလိုက်
သည်​ ။

Because Of YouWhere stories live. Discover now