Because Of You 16

2.6K 367 179
                                    


Zawgyi


"မေမေတို့ဆီ ပြန်တော့ မောင်လေး"

အကိုပြန်သွားပြီးနောက် တိတ်ဆိတ်နေသော
ဧည့်ခန်းအတွင်း ပထမဦးဆုံး ထွက်လာသော အစ်မ
ဆီမှ စကားဟာ ကျွန်တော့်အတွက် သိပ်ကိုနာကျင်
စရာကောင်းလှသည် ။

"ငါက ဘာလို့ အဲ့လိုလုပ်ရမှာလဲအစ်မ!!!"

"ပြီးပြီးသား ကိစ္စတွေ ငါအစမဖော်ချင်ဘူး ဂျောင်
ဆူး တွေးမိတိုင်းရင်နာလွန်းလို့ ပြီးတော့ ငါနင့်ကို
သနားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ"

အစ်မများ ကျွန်တော့်ကို မောင်အဖြစ်ကစွန့်လွှတ်
လိုက်လေ မလားဟုတွေးထားခဲ့သော်လည်း ထင်တဲ့
အတိုင်းတော့ ဖြစ်လာခဲ့ပေ ။

အစ်မဟာ ကျွန်တော့်ရှေ့မှာ မားမားမတ်မတ် ရှိပေး
ခဲ့သည် ။ ယောက်ျားချင်း ချစ်ခင်နှစ်သက်တာကို
အစ်မလည်း ခေတ်ပညာတတ်မို့ လက်ခံပေမယ့်

အစ်မလက်ခံပေးတဲ့အထဲ အကိုတော့ မပါခဲ့ချေ ။

"အကို့ကို ခွင့်လွှတ် မပေးနိုင်ဘူးလား အစ်မရယ်"

"နင်ရူးနေလား ဟိုကနင့်ကိုကစားနေတာ အရူး
လုပ်နေတာ နောက်ဆုံး ကုန်ကုန်ပြောရရင် သူက
နင့်ကို မချစ်ဘူး ... အဲ့လိုလူမျိုးကိုငါကဘာလို့
ခွင့်လွှတ်ပေးရမှာလဲ "

"အရင်လို ငါကအကိုချန်းယောလ်ကို မချစ်တော့
တာမို့်လို့ ဘာမှမခံစားရတော့ဘူး မောင်လေး"

အစ်မပြောသောစကားက အမှန်တရားဖြစ်သော်
လည်း ဘာကြောင့်များ ကျွန်တော့်နှလုံးသားလေး
အောင့်တက်လာရတာလဲ?

ကျွန်တော့်နှလုံးသားက အကိုသူ့ကို မချစ်ဘူး ဆို
တာကို လက်ခံဖို့ အခုထိ အဆင်သင့်မဖြစ်သေးတဲ့
ပုံပါပဲ ။

"သူမချစ်ပေမယ့် ငါချစ်တယ်လေ ဘာကိုမှ
မတောင်းဆိုပါဘူးအစ်မရယ် အကို့ကို အဝေးက
နေ မြင်နေခွင့်လေးတော့ ပေးပါ ငါ ဒီလို
တောင်းဆိုပါတယ်"

အစ်မရှေ့မှာ ကျွန်တော် ဒူးထောက်ကာ လက်နှစ်
ဖက်ကို ပွတ်နေရင်း တောင်းပန်လိုက်သည် ။

တစ်သက်လုံး မပိုင်ဆိုင်နိုင်တော့မှန်း သေချာသွား
သည့်အခါ အဝေးကနေ အကို့ကို တမော့တမော
ငေးကြည့်ချင်သေးသည် ။ ချစ်နေချင်သေးသည် ။

Because Of YouDonde viven las historias. Descúbrelo ahora