Zawgyi
"အကို ချန်းယောလ် ရောက်နေတာကြာပြီလား"
ဆိုင်ထဲ ဝင်ဝင်ပြီး ချင်းမှာပင် အစ်မရဲ့ ထွက်လာသော
စကား ။ကျွန်တော် စုံစမ်းပြီးသိရှိရသလောက်ကတော့ အကိုသည်
ချိန်းထားရင် အမြဲနောက်ကျမှ ရောက်တတ်သည်တဲ့ ။အစ်မအတွက်နဲ့ အကို့ရဲ့ အကျင့်တွေ ပြင်ပေးရသည်အထိ
အကိုသည် အစ်မအား တော်တော်ချစ်သည့်ပုံ ။"မကြာသေးဘူး ယူလေးရဲ့ ခုနလေးတင်ရောက်တာ"
အကိုက အစ်မအား ယူလေးဟု ချစ်စနိုးဖြင့်ခေါ်သည် ။
အဲ့လိုပဲ ကျွန်တော်ကလည်း အကို့ကို မြတ်နိုးစွာဖြင့်
အကို ဟုခေါ်သည် ။တရားဝင်ခေါ်တာနဲ့ တိတ်တခိုးခေါ်တာပဲ ကွာတာပါလေ ။
တန်ဖိုးထားခြင်းတော့ တူလောက်မှာပါ ။အစ်မက အကို့ဘေးမှာ ဝင်ထိုင်တော့ ကျွန်တော်က
အစ်မနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။အကိုကပြုံးရင် သိပ်လှတာပဲ ။ အကို့ရဲ့ ပါးချိုင့်လေးတွေကိုလည်း ကျွန်တော် သိပ်မြတ်နိုးသည် ။
အခွင့်အရေးများ ရလာခဲ့လျှင် တစ်ခါလောက်တော့ အကို့
ပါးချိုင့်ထဲ ကျွန်တော့် နှုတ်ခမ်းလေး ခိုနားချင်မိသည် ။"ဘာစားမလဲ ယူလေး မှာလေ"
"အကိုချန်းယောလ်ရော ဘာမှာထားလဲ"
"ယူလေးကကွာ ချစ်သူတွေပဲ ဖြစ်နေပြီ ဘာအကိုချန်း
ယောလ် လဲ ကိုဆိုကို ကိုကိုဆိုလည်းကိုကိုလို့ခေါ်ပေါ့""အာ အကိုချန်းယောလ်ကလည်း"
အကိုက ဒီလိုလေးလည်းကလေးဆန်တတ်သေးတာပဲ ။
စူပုတ်ပုတ်လေး လုပ်နေသော အကို့ပုံစံလေးသည်
တအားချစ်စရာကောင်းသည် ။အစ်မက ရှက်နေသည့်ပုံစံလေးကို အကိုက တမြတ်တနိုး
ကြည့်နေသည် ။

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019