Zawgyi"Morning ပါ ဘောစိဂျောင်"
ပြောင်စပ်စပ်နဲ့ လာနောက်နေသော ထယ်ဂူ့အား
မျက်စိရှေ့က ဖိုင်တွဲဖြင့် ပစ်ပေါက်လိုက်သည် ။"မျက်နှာ လာပြောင်မနေနဲ့ ငါရှာခိုင်းထားတဲ့
အတွင်းရေးမှူးကိစ္စရော လုပ်ပြီးပြီလား""ငါပါကွ အားလုံး အိုကေပြီးသား စိတ်ချလိုက်"
ကိုရီးယားက ထွက်လာပြီး နောက်ပိုင်း ဖေဖေတို့
ပိုင်သော ဂျပန်ကကုမ္ပဏီကို ကျွန်တော်ဦးစီးနေတာ
တစ်နှစ်တောင် ပြည့်တော့မည် ။ကိုရီးယားကိုလည်း လွမ်းသလို တစ်ယောက်သော
သူလည်း သတိရမိပါရဲ့ ။အဆင်များပြေရဲ့လား နေများကောင်းရဲ့လား.....
လွမ်းတိုင်းပြေးတွေ့ဖို့ မဖြစ်နိုင်တဲ့အခါ ကျွန်တော်
ချစ်ရသော တစ်ယောက်သောသူ အတွက် မေတ္တာ
ပို့ရင်း ကျွန်တော့်မှာ အသက်ဆက်ရသည် ။"ဘာလဲ အစ်ကို ချန်းယောလ်ကို သတိရသွားလို့လား"
"ဘာ...ဘာလို့ ငါက သတိရ ရမှာလဲ ငါသူ့ကိုမုန်း
တယ် သူ့နာမည်တောင် မကြားချင်လောက်တဲ့
အထိပဲ"ဗြောင်ကျစွာမေးလိုက်သော ထယ်ဂူ့ကြောင့် ကျွန်
တော့်မှာ အထစ်ထစ်အငေါ့ငေါ့ ဖြင့်ဖြေမိသောအခါ
ထယ်ဂူက ရယ်သည် ။"မုန်းတယ်ဆိုတော့လည်း မုန်းတယ်ပေါ့ကွာ ဟဲဟဲ"
မုန်းတယ်တဲ့ စကားလုံးလေးကတော့ နှစ်လုံးထဲပဲ
ဒါပေမယ့်အကို ကျွန်တော်အကို့ကို မုန်းတယ်လို့
ပြောလိုက်တိုင်း အခုထိအကိုမှအကိုဖြစ်နေခဲ့တဲ့
နှလုံသားလေးက စူးခနဲအောင့်နေခဲ့တယ်တဲ့လေ ။အကို့ကို ချစ်ခဲ့တုန်းကလည်း ပင်ပန်းခဲ့သလို အခုလို
မုန်းဟန်ဆောင်တော့လည်း ပင်ပန်းနေရတုန်းပဲ ။ခဲမှန်ဖူးတဲ့ စာသူငယ်လေးလို ကျွန်တော့်မှာ
အကို့ကို ချစ်ဖို့ရာကလည်း ခပ်လန့်လန့်ရယ်ပါ ။ဒါပေမယ့်လေ မချစ်ဘဲနဲ့လည်း မနေနိုင်ပြန်ပါဘူး ။
"သွား မင်းပြန်တော့ အရူးကောင်"

ESTÁS LEYENDO
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019