Zawgyi
"အစ်မ နင်ဘာဖြစ်နေတာလဲ မျက်နှာလည်းမကောင်း
ပါလား"အခုတလော အစ်မကို ကြည့်ရတာ အမြဲငူငူငိုင်ငိုင်နဲ့
ဖြစ်နေတတ်သည် ။"ဟင် အာ..ဘာမှမဖြစ်ပါဘူးဟ"
အစ်မကဝဲနေသော မျက်ရည်စများကို ပါးပေါ်သို့ မကျလာ
စေရန်အပေါ်သို့မော့ကာ ခပ်ဟဟလေးရယ်သည် ။"အခုငါ့ကိုပါလိမ်နေပြီပေါ့ ပြောပြစမ်းပါ ငါတို့မှာ ဒီမောင်
နှမပဲရှိတာလေ ဖေဖေတို့မေမေတို့ကလည်းအဝေးမှာကို
နင် ငါ့မှမပြောရင် ဘယ်သူ့ကိုပြောမှာလဲ""Aigooငါ့မောင်လေးကလည်း အတော်လေးစကား
တွေပါတတ်လာတာပဲ""..."
ကျွန်တော် ဘာမှပြန်မပြောပဲ စိုက်ကြည့်လိုက်တော့
အစ်မက သက်ပြင်းကိုလေးလေးပင်ပင်ချရင်း ပြောလာ
သည် ။"ဟင်း...အခုတလော ကိုက ခြေလှမ်းတွေပြတ်နေတယ်
မောင်လေးရယ် ငါသိနေပေမယ့် ထုတ်မပြောရဲဘူး
ကိုငါ့ကိုထားသွားစိုးလို့"အော် ကျွန်တော်တို့မောင်နှမနှစ်ယောက်မှာလည်း အကို့
ထံတွင် အချစ်ကျွန် လုံးလုံးကြီးကိုဖြစ်လို့ ။ဒါပေမယ့် အစ်မကတော့ ကျွန်တော့်ထက်စာရင် အများ
ကြီးသာပါတယ်လေ ။ တရားဝင် ချစ်ခွင့်ရသလို အကို့ဆီကယုယကြင်နာခွင့်တွေလည်း အစ်မကပိုင်ဆိုင် ရသေး
သည် ။ကျွန်တော့်မှာသာ တစ်ယောက်ထဲ ချစ်လိုက် တစ်ယောက်
ထဲစိတ်ဆိုးလိုက် နဲ့ သံသရာလည်နေတော့တာပါပဲ ။"ဟုတ်ပါ့မလားဟ အကိုက နင့်ကိုဒီလောက် ချစ်တာကို"
ရင်နှင့်ရင်းပြီး ပြောလိုက်ရသော စကားလေးပါပဲ ။
ဒါကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပါ ။"အဲ့လိုပဲ ဖြစ်ပါစေ ဆုတောင်းပါတယ် ဟိုဘက်ကျောင်းက
ကောင်မလေးနဲ့ သတင်းတွေထွက်နေတယ် ကိုနဲ့
ငါဘာလုပ်ရမှန်းတောင်မသိတော့ဘူး"

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019