Zawgyi"မောင်လေးရယ် အခုမှပဲပြန်တော့တယ် ငါတစ်ညလုံး
ပြန်လာမလား ပြန်လာမလားနဲ့ စောင့်နေခဲ့တာ""အစ်မကို ထယ်ဂူဖုန်းဆက်တယ်မလား ငါပြန်မလာဖြစ်
တဲ့အကြောင်းကို""ဆက်ပေမယ့်လည်း ပြေးကြည့်မှ ငါတို့မောင်နှမနှစ်
ယောက်ပဲရှိတာလေ"ဖေဖေနဲ့မေမေက ဂျပန်မှာပဲ အခြေချကာ နေထိုင်ကြ
သည် ။ ကျွန်တော်နဲ့ အစ်မကတော့ ကိုရီးယားမှာပဲ နေခဲ့
ကာ ကျောင်းဆက်တက်ကြသည် ။အစ်မမှာ အကိုရှိပါသေးတယ် လို့ ကျွန်တော်ပြောလိုက်
ချင်သည် ။ကျွန်တော့်မှာတော့ အစ်မပဲရှိတော့တာ ။ ကျွန်တော်
သိပ်ချစ်ရတဲ့ အကို့ကို အစ်မလက်ထဲထည့်ပေးလိုက်ပြီ
လေ ။အစ်မလက်ထဲ ထည့်ပေးလိုက်ပြီတဲ့ ။ သိပ်ရယ်ရတဲ့ စကားလေးပါပဲ ။ တစ်ခါမှ မပိုင်ဆိုင်ဘူးပဲနဲ့ အကို့ကို အစ်
မလက်ထဲ ထည့်ပေးလိုက်တယ် လို့ပြောရဲတဲ့ ကျွန်တော်
က အရှက်မရှိလိုက်တာနော် ။"ထားလိုက်ပါတော့ ကျောင်းသွားဖို့ ပြင်ဆင်တော့
ကို လာခေါ်မယ်တဲ့ ""အစ်မ ငါ"
"ငြင်းဖို့တော့ မစဉ်းစားနဲ့နော် မနေ့ကလည်း နင် ရုတ်
တရက်ကြီး ထပြန်သွားတော့ ငါ့မှာ ကို့ကို အားနာလိုက်
ရတာ"အဲ့လိုမှန်းသိ ကျွန်တော် ညနေကျောင်းဆင်းချိန်မှ အိမ်ကို
ပြန်လာပါတယ် ။ အစ်မ တစ်ယောက်တည်းဖြစ်နေမှာကို စိတ်ပူလို့ မနက်စောစော ထယ်ဂူ့ဆီက ပြန်လာမှပဲ
အမှားကြီးတစ်ခုဖြစ်လေပြီ ။ကံတရားသည် ဘယ်သောအခါမှ ကျွန်တော့်ဘက်မှာ ရှိ
မနေခဲ့ပါ ။အကို့ကို ထပ်တွေ့ရမှာ ကြောက်သည် ။ အကို့ရဲ့ မဲ့ပြုံး
တွေ ခနဲ့တဲ့တဲ့စကားတွေ ကို မြင်ရကြားရ မှာ ကြောက်
သည် ။
YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019