Zawgyi
"အရူးကောင် မင်းမလာသေးဘူးလား ငါစောင့်နေတာ
ကြာနေပြီ"ရုပ်ရှင်ရုံရှေ့မှာ ထယ်ဂူ့အားဖုန်းဆက်ရင်းအကို့အား
ရုတ်တရက်လှမ်းတွေ့လိုက်ရသည် ။အကိုတစ်ယောက်ထဲတော့ မဟုတ်ခဲ့ပါ ။ အကို့ရဲ့ ပွေ့
ဖက်ခံထားရမှုအောက် တွင် baby ဟုအကိုသတ်မှတ်
ကောင်မလေးပါ ရှိနေခဲ့ပါ သည် ။"ဒါပဲကွာ မင်းအမြန်လာခဲ့တော့"
တစ်ဖက်က ထယ်ဂူရဲ့ ဘာဖြစ်တာလဲ ဆိုသော အသံ
ကိုလျစ်လျူရှုရင်း ဖုန်းကိုအလျင်အမြန်ချပစ်လိုက်သည် ။အကိုက အစ်မနောက်ကွယ်မှာ ကောင်မလေးဘယ်
နှစ်ယောက်တောင် ထပ်များရှိနေသလဲ ။ရိုးသားလွန်းတဲ့ အစ်မကတော့ မျက်စိပိတ်နားပိတ်ဖြင့်
ကျွန်တော့်လို အရူးတစ်ယောက်လိုမျိုး ရင်ငုံနှုတ်ပိတ်
နေနေဦးမည် ။ကျွန်တော်တို့ မောင်နှမ နှစ်ယောက်လည်း ဝဋ်ကြွေး
ကြီးလှချည်ရဲ့ ။ကံတရားရဲ့ လှည့်စားမှုက အတော်ကြောက်စရာ
ကောင်းလှသည် ။ တစ်နေ့တည်း တစ်နေရာတည်း
တစ်ချိန်တည်း အကိုနှင့်အတူ ရုပ်ရှင်ကြည့်ရန် အကြောင်း
ဖန်လာခဲ့လေပြီ ။တစ်ရုံတည်းအတူတူကြည့်ရတာပဲ အကိုနှင့်အတူဆို
သောစကားလေးကို ကျွန်တော် သုံးခွင့်ရှိပါတယ်နော် ။အကိုက အဲ့ကောင်မလေးရဲ့ လက်ကလေးကို
ဆုပ်ကိုင်ရင်း ရုပ်ရှင်ရုံထဲတွင် မုန့်စားဖို့ ဝယ်နေကြသည် ။ကျွန်တော်ကတော့ အကို့ရဲ့ ဘေးတိုက်မြင်နေရသော
မျက်နှာလေးကို ကြည့်မိသည် ။ဒီမြင်ကွင်းကိုသာ အစ်မမြင်သွားရင် အစ်မခံနိုင်ရည် ရှိ
ပါ့မလားပဲ ။ကျွန်တော့်အတွက်တော့ ဒီမြင်ကွင်းတွေက ရိုးအီနေပါ
ပြီလေ ။

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019