Zawgyi
"အလကားကောင်ပါကွာ ယောကျာ်းတိုင်းနဲ့ လိုက်ပလူး
နေတဲ့ကောင်"လှောင်သလို ပြောင်သလို ပြောလိုက်သံကြားသော
ကြောင့် ကျွန်တော်လှည့်ကြည့်မိတော့ အကို့သူငယ်ချင်း
တွေဖြစ်နေသည် ။အကိုလား ... အကိုလည်း ထိုနေရာတွင် ရှိနေခဲ့ပါ
တယ် ။ကျွန်တော် နဲ့မဆိုင်သောကြောင့် ပြန်လှည့်လိုက်ကာ
ဆက်သွားရန်ပြင်လိုက်မိသည် ။"မသိရင် သူက ငါ့သူငယ်ချင်းကိုပဲ သိပ်ချစ်တာပေါ့
တကယ်တမ်းကျ ထယ်ဂူဆိုတဲ့ ကောင်လား ဘာလား နဲ့
လည်း တပူပူးတတွဲတွဲနဲ့ ကြိုက်များကြိုက် နေကြသလား
မသိ ဟားဟားဟား"ကျွန်တော် လက်သီးကိုခပ်တင်းတင်းဆုပ် လိုက်မိသည် ။
ကျိန်းသေပေါက် ဒါကျွန်တော့်ကိုပြောနေတာပါပဲ။လူတွေက ဘာကြောင့် အမှန်တရားမသိဘဲ ကိုယ်
ထင်ရာ လျှောက်ပြောကြတာလဲဟင်?ကျွန်တော်ဟာ မျက်ကန်းတစ်ယောက်လို အကို့တစ်
ယောက်ကိုပဲ ချစ်ခဲ့တာပါ ။"မှန်နေတော့ ဆက်တောင်မသွားနိုင်ဘဲ ရပ်နားထောင်
နေတယ်ပေါ့"ကျွန်တော် ရပ်နေတာကို အခွင့်ကောင်းယူကာ အကို့
သူငယ်ချင်းတွေထဲက တစ်ယောက်က ပခုံးပေါ် လက်တင်
ကာ ခနဲ့တဲ့တဲ့ ပြောသည် ။"မဟုတ်ဘူး ခင်များတို့ ထင်သလိုမဟုတ်ဘူး ဒါကြောင့်
ကျွန်တော်တို့သိက္ခာကျစေမယ့် စကားတွေမပြောနဲ့"ကျွန်တော်အံကြိတ်ကာ ပြောရင်း ပုခုံးပေါ်တင်ထားသော
လက်တစ်ဖက်ကို ပုတ်ချလို်က်သည် ။"အော့်ဟော် ဒေါသတွေထွက်နေပုံထောက်ရင်တော့
ကြိုက်နေရုံတင်မက ညားပါညား...""ခွပ်"
"မစော်ကားနဲ့ ခင်များတို့က ဘာမို့လို့ ဒီလိုစော်ကားတဲ့
စကားတွေမျိုးပြောနေရတာလဲ !!!"

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019