Zawgyi"ဗိုက်ဆာနေပြီ"
လက်နာနေတယ် ဆိုသော အကြောင်းပြချက်နဲ့ အကိုဟာ
ကျွန်တော့်အပေါ် ဂျစ်တိုက်တော့သည် ။အခုလည်း ခပ်တိုတို စာလေးတစ်ကြောင်း ပို့ကာ သွယ်
ဝိုက်သော အားနည်းဖြင့် သူ့အိမ်ကိုခေါ်နေသည် ။ကျွန်တော်က အကို့အနားမှာ နေချင်လွန်းလို့ ရူးနေရသူ
တစ်ယောက်ပါ အကို ။တစ်ချိန်အကို ကျွန်တော့်ကို
မလိုချင်တော့တဲ့ အခါ လွှင့်ပစ်မယ်မှန်းသိသိကြီးရဲ့
နဲ့တောင်ရသလောက်လေး အကို့နားမှာ ကပ်တွယ်နေချင်မိသူကလည်း ကျွန်တော်ပါပဲ ။"ခဏလေးစောင့်နော် အကိုချန်းယောလ် ကျွန်တော် အိမ်ကနေ အကိုချန်းယောလ် စားဖို့ လုပ်နေလို့"
ကျွန်တော် စာကို ခပ်သွက်သွက်ရိုက်ကာ ပို့လိုက်သည် ။
အကိုက သူ့ဘက်ကသာ reply ကြာရင်ကြာမယ်
ကျွန်တော့်ဘက်က reply
ကြာရင် ဒေါသထွက်ကာ ကျွန်တော့်အပေါ် ပေါက်ကွဲ
တတ်သေးသည် ။Seen ဖြစ်သွားသော စာလေးကို ကြည့်ရင်း ကျွန်တော်
ပြုံးလိုက်သည် ။ကျွန်တော်လည်း အကို့ရဲ့ တိတ်တိတ်ပုန်းရည်းစားဘဝ
မှာ ဘယ်လောက်ထိများ ပျော်ရမှာပါလိမ့် ။အစ်မအပေါ် သစ္စာဖောက်သလို ဖြစ်နေမှန်းသိပေမယ့်
အကို့နားလေးမှာ နေရဖို့အရေး ကျွန်တော် ဒီလို ဆုံးဖြတ်
လိုက်ရမှန်း အစ်မသိသွားတဲ့အခါ အစ်မနားလည်နိုင်မှာ
ပါနော် ။"အကို့ဆီက အချစ်ခံရဖို့က ဘာလို့များ ဒီလောက်ခက်ခဲ
နေရတာပါလိမ့်"ဟင်း....ကျွန်တော့်အတွက်မို့လို့သာ အချစ်ခံရဖို့ ခက်ခဲတာ နေပါလိမ့်မည် ။
"ကိုကိုကလည်း date ရအောင်ပါဆို"
တံခါးလေး စေ့ရုံသာ စေ့ထားသော အကို့အိမ်ထဲ ကျွန်
တော် ဝင်သွားတော့ ကျွန်တော် အမုန်းဆုံး မြင်ကွင်းကို
မြင်လိုက်ရသည် ။

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019