Zawgyi"ဖိုက်တင်း အကို နိုင်အောင်ဆော့"
ညဘက်ကြီးအကိုဟာ ကျွန်တော့်အား ဖုန်းဆက်
ရင်း သူ့သူငယ်ချင်းတွေနဲ့ basketball ဆော့ဖို့
အကြောင်း လှမ်းပြောသည် ။အကို့အား စိတ်မချနိုင်သော ကျွန်တော့်အဖို့ အကိုတို့ဆော့သော နေရာအထိ အရောက်လာခဲ့ရပြန်
သည် ။"ဟာ အကို ဘယ်လိုဖြစ်"
"Basketball မဆော့ချင်တော့ဘူး ကလေးငယ်
အနားမှာပဲ နေပြီး ချွဲချင်တယ်"ကွင်းထဲ ရောက်ဖို့အလို အကိုဟာ ကျွန်တော့်ဆီအ
ပြေးပြန်ရောက်လာပြီး ကျွန်တော့်ပုခုံးပေါ်
မေးတင်ရင်း ချွဲနေပြန်သည် ။လူကောင်ကြီးနဲ့မှမလိုက် ချွဲလိုက်တာဟု ကျွန်တော်
ပြောသောအခါ အကိုဟာ စူပုတ်ရင်းကလေးငယ် မို့လို့သာ ချွဲခြင်း ဖြစ်ကြောင်း မကျေမ
နပ်နဲ့ ပြောဦးမည် ။"ဟိုမှာ အကို့ကိုစောင့်နေကြတယ်လေ ကလေးဆိုး
ကြီးလို ဂျစ်နေပြန်ပါပြီ ကြည့်ဦး ""အာဘွားပေး ကွင်းထဲထိရောက်အောင်တောင်
လမ်းလျှောက်ဖို့ အားမရှိတော့ဘူး"လူလည်ကြီးဟာ တစ်မျိုးမဟုတ် တစ်မျိုး ဂျစ်တိုက်
နေတော့တာပါပဲ ။"ဂျောင်ဆူးရေ အဲ့ကောင် ဘာတွေ ဂျစ်နေလဲတော့
မသိဘူး သူလုပ်ခိုင်းတာ လုပ်ပေးလိုက်စမ်းပါ
မဟုတ်ရင် ငါတို့ ဒီတစ်သက် ကစားရတော့မှာ
မဟုတ်ဘူးဟ""တွေ့လား ကလေးငယ်က အာဘွားပေးလိုက်ရင်
ပြီးနေပြီကို"အကို့ သူငယ်ချင်းတွေထဲကတစ်ယောက်က စကာ
အော်ရင်းပြောတော့ အကိုဟာ ပြုံးစိစိဖြင့် အတင်း
နမ်းခိုင်းနေသည် ။"အင်းပါ အင်းပါ *မွ* နိုင်အောင်ဆော့နော်
အများကြီးလည်း အပင်ပန်းမခံနဲ့ ချစ်တာသိ
ပြွတ်စ် ""ဟာ အကို!!!"
"ချစ်တယ် ကလေးငယ် ဟီးဟီး"
လျှပ်တပြက် ကျွန်တော့်နှုတ်ခမ်းပေါ် ရောက်ရှိလာ
သောအကို့အနမ်းခပ်နွေးနွေး ။ အကို့အား စူးစိုက်
ကာကြည့်မိတော့ အပြစ်လုပ်ထားသော ကလေး
ငယ်လို တဟီးဟီး နှင့်ရယ်ပြရင်း ချစ်ကြောင်းတွေ ပြောနေပြန်သည် ။

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019