Zawgyiအခုတလော အကို့ကြောင့်နဲ့ အတန်းလည်းသိပ်မတက်
ဖြစ်သလို စာလည်း သိပ်မလုပ် ဖြစ်သောကြောင့် လိုအပ်
သောစာများကို ဖြည့်ရန် စာကြည့်တိုက် ရောက်နေရ
သည် ။အကို့ရင်ခွင်ထဲ ပထမဆုံး ဝင်ခွင့်ရခဲ့တဲ့နေရာလေးကို
လှမ်းကြည့်မိတော့ ရုပ်ရှင်ပြသလို တစ်ကွက်ချင်းပြန်ပေါ်
လာသောကြောင့် ကျွန်တော် ပြုံးမိသွားသည် ။အချိန်တိုင်း နေရာတိုင်း ကျွန်တော့်အတွေးထဲ
ရောက်နေတာတော့ မလွန်လွန်းဘူးလား အကို ။"အခုတလော ခဏခဏ ပြုံးနေတာ မင်းမရိုးတော့ဘူး
နော်"ကျွန်တော့်ဘေးနား ဝင်ကိုင်ကာ စကားလာပြောသော
ထယ်ဂူ့ကြောင့် ကျွန်တော် လန့်သွားမိသည် ။"လန့်လိုက်တာ အမြဲအဲ့လိုလန့်အောင်လုပ်ရတာပျော်
လား""စကားလမ်းကြောင်းမလွှဲနဲ့ ဂျောင်ဆူး ငါမေးတာမင်း
မဖြေရသေးဘူး"ရုပ်တည်ကြီးနဲ့မေးလာသော ထယ်ဂူကြောင့် ကျွန်တော်
နည်းနည်းတော့လန့်သွားရသည် ။ ထယ်ဂူနဲ့ခင်လာတဲ့
တစ်လျှောက်လုံး ထယ်ဂူဒီလိုဖြစ်နေတာမျိုး ကျွန်တော်
တစ်ခါမှမမြင်ဖူးတာကြောင့်လည်းပါမည် ။"ဒီအတိုင်း ငါ..."
"ငါသိတယ် ငါသိတယ် ဂျောင်ဆူး"
"ဟင်"
အံကြိတ်ကာပြောလာသော ထယ်ဂူ့အားကြည့်မိတော့
ငိုချင်တာကို ထိန်းထားပုံရသည် ။ မျက်လုံးများကလည်း
နီရဲလို့ ။"မင်း ပတ်ချန်းယောလ်ရဲ့ တိတ်တိတ်ပုန်း ရည်းစား လုပ်
ပေးနေရတာကို ငါသိတယ်"ထယ်ဂူ တစ်ချိန်ကျ သိသွားမည်ကို သိသော်လည်း
ဒီလောက် မြန်မြန်ဆန်ဆန် သိသွားလိမ့်မည် ဟု ကျွန်
တော်မထင်ထားပေ ။ အင်းလေ...ထယ်ဂူဆိုသော လူ
သားလေးက ကျွန်တော့်အား အမြဲတစေစောင့်ကြည့်နေ
တတ်သူမလား ။

YOU ARE READING
Because Of You
Fanfictionအကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... အကိုဖြစ်နေတာကြောင့် ... အကိုဖြစ်နေခဲ့လို့ပါ ... Chansoo 6112 Starting date - 8.4.2019 Ending date - 13.8.2019