Part (2)

16.4K 885 7
                                    

Zawgyi

တိုင်းပြည်တခုလုံးဟာ ရင်ခုန် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတယ် အကြောင်းကတော့ တခြားမဟုတ်ပါဘူး လက်ရှိဘုရင်ကနေ ကိုယ်လှုပ်တော်နဲ့ အချစ်တော်ကိုရွေးချယ်မှာမို့လို့ပင်

လာပြီးဝင်ရောက်အရွေးခဲ့တဲ့ လူပေါင်းများစွာကို အရပ် အသက် ရုပ်ရည် အပြစ်အနာအစာ လူပျို အပျိုဟုတ်မဟုတ် စသည်ဖြင့်စမ်းသက်ရင်း နောက်ဆုံး အယောက် ၈၀သာကျန်တော့တယ် ယောကျာ်းလေး ၄၀ယောက် မိန်းကလေး ၄၀ယောက်ပေါ့

"ကဲ အခုမင်းတို့ကို နန်းတော်ကအဆောင်တွေစီလိုက်ပို့မယ် ဒီနေ့ကတော့ နားပြီး နန်းတော်ကိုပတ်ကြည့်ပေါ့ ကြားလား

"ဟုတ်ကဲ့ပါ

ရှန့်ကုန်းတွေထွက်သွားခါနီး လူ၂ယောက်က အချစ်တော်အဆောင်ကို ယောက်လာကာ

"သူတို့ကအသစ်လေးတွေလား

"ဟုတ်ပါတယ် အရှင် ယွင် နဲ့ ယွမ်

သူတို့၂ယောက်ဟာ အချစ်တော်တွေထဲမှာ အရင်ဘုရင့်ချစ်ခြင်းကို တပြိုင်နက်ထဲရခဲ့တာကြောင့် အချစ်တော် မဟုတ် ကြင်ယာတော် မဟုတ်ပဲ ဘုရင့် အမိန့်သာနာခံရသူတွေမို့လို့ အရှင် လို့သာထည့်ခေါ်ကြတယ်

"ကောင်းပြီ သွားတော့ ငါတို့ ဒီကလေးတွေကိုသင်ပေးလိုက်မယ်

"ဟုတ်ကဲ့ပါ

"အသစ်လေးတွေပဲ တွေ့ရတာဝမ်းသာပါတယ် ငါတို့သိသလောက် ဒီဘုရင်က ဘယ်သူ့ကိုမှမချစ်ဖူးဘူးဆိုတော့ မင်းတို့ကိုချစ်လာအောင် မင်းတို့လုပ်တက်ရမယ်

"Yin ပြောသလိုပဲ ငါတို့တုန်းကတော့ ဘုရင်က ပွေရှုပ်ပေမယ့် ငါတို့ကိုချစ်မိသွားလို့ သူငြိမ်သွားတာ မင်းတို့ကတော့ပိုခက်မယ်

"မနိုးထတဲ့ နှလုံးသားက ပိုတူးရခက်တယ်

"...

"ဒီနေ့တော့သိပ်မပြောတော့ဘူး မနက်ဖြန်ကစပြီး မင်းတို့ကိုယ်မင်းတို့ အချစ်တော်ဆိုတာမှတ်ထားကြ အချစ်တော်တွေဆိုတာ ဘုရင်ရဲ့ ခြေတော်တင်ခံရမယ့်သူတွေပဲ အဲ့ထဲကမှ ဘုရင့်နှလုံးသားကို လှုပ်ကိုင်နိုင်သူသာ မိဖုရားခေါင်ဖြစ်မယ်ဆိုတာ နားလည်တယ်မလား

The Male EmpressWhere stories live. Discover now