Part (14)

9.2K 542 1
                                    

Zawgyi

Qing Lai နဲ့ Ju Yi သန့်စင်တောင်က ရေတံခွန်ကို မနက်စောစောရောက်ခဲ့ကြတယ် နေထွက်လာပြီး ပူလာတယ်ခံစားရတော့မှ သမားတော်ပေးလိုက်တဲ့ ဆေးကိုသောက်ကာ ရေတံခွန်အောက်မှာ အဝတ်ပါးပါးလေးနဲ့ ထိုင်နေလိုက်တယ် ရေတံခွန်ကရေတွေကအရှိန်နဲ့မို့လို့ မတ်တက်ရပ်နေဖို့ဆိုတာမဖြစ်နိုင်ဘူးလေ

၃နာရီကြာလာတော့ လူကပြန်ပြီးဖျားချင်လာတယ် နေကပူနေပေးလို့သာကျေးဇူးတင်ရမယ် တောင်ကျရေဖြစ်တာကြောင့်အေးသော်လည်း နေမင်းကျေးဇူးနဲ့သိပ်တော့မအေးပေ

ဖယောင်းတိုင်း ၄တိုင်စာကုန်တော့ Ju Yiက Qing Laiကို ရေတံခွန်အောက်ကနေ ဆွဲထုတ်ကာ အင်္ကျီတွေချက်ချင်းလဲပေးကာ နွေးနွေးထွေးထွေးနေခိုင်းရတော့တယ် ရေကို ပူပူလေးဖြစ်အောင်ကျိုကာ ဂျင်းအနည်းငယ်ထည့်ပြီးတိုက်လိုက်တော့ အေးနေတဲ့ လကါကလေးက ပြန်နွေးလာတော့တယ် ဖြူနေတဲ့မျက်နှာကလည်းသွေးရောင်လေးလွှမ်းလာတယါ

"Qing Laiမင်း နေမကောင်းသေးဘူး နားလိုက်ဦးမနက်ဖြန်မှ တောင်အပေါ်တက်ရမှာ

"အင်းပါကွာ မင်းသာမပါလာရင် ငါတယောက်ထဲဘယ်လိုနေရမလည်းမသိဘူး

"အားမငယ်ပါနဲ့ကွာ ငါကမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းပဲကို

"အေးပါကွာ

"နားလိုက် ငါ ဟိုရှာ ဒီရှာလုပ်လိုက်ဦးမယ်

"အင်း

ရေတံခွန်အနီးမှာ တဲထိုးကာဘအပြင်မှာ မီးဖိုလေးဖို့ထားရတယ် အနီးနားကစားလို့ရမယ့်သစ်သီးသစ်ဖုတွေသာ ရှာရတော့တယ် ဒီ သန့်စင်တောင်မှာ အသားစားသုံးလို့မရသလို တောတွင်း တိရစ္ဆာန်တွေလည်းအနည်းငယ်သာရှိတယ် ထူးဆန်းတဲ့တောင်ပေါ့ အသီးတွေကိုရေဆေးပြီး ပါလာတဲ့ ဓားနဲ့ လှီးဖြတ်ထားလိုက်တယ်

Qing Laiနိုးလာတော့ Ju Yiပြင်ပေးထားတဲ့ သစ်သီးတွေသာစားပြီး သမားတော်ပြင်ပေးလိုက်တဲ့ဆေးသောက်လိုက်ကာ ၂ယောက်သား မီးဖိုပြီး အိပ်လိုက်ကြတယ်

မနက်နေမထွက်ခင် တော်တော်စောစောထဲက မီးတုတ်တွေကိုင်ကာ တောင်ထိပ်ကိုတက်ခဲ့ကြတယ် တဖြေးဖြေးတက်ရင်းတက်ရင်း တိမ်တွေလို မြူတွေဟာ သူတို့နားမှာ ရစ်ဝိုင်းလာတာကြောင့် ၂ယောက်သားအနီးကပ်ပူးလိုက်တယ်

The Male EmpressWhere stories live. Discover now