Part (25) Final

13.9K 620 12
                                    

Zawgyi

"အဲ့ဒါဆိုအရှင်က အခု ဓားပြလက်ထဲမှာပေါ့

"ဟုတ်ပါတယ် ပြီးတော့

"ဘာပြီးတော့လည်း

"မင်းကြီးကို ဓားပြခေါင်းဆောင်သမီးနဲ့လက်ထပ်ဖို့ပြင်နေတယ်လည်းကြားပါတယ်

"မိဖုရား၂ကော

"မိဖုရား၂က အခု နန်းတော်ကိုလာနေတဲ့လမ်းမှာပါ မင်းကြီးကအရင်ပြန်လာတာလို့ကြားပါတယ် စစ်သူကြီး Zi Xieကလည်း မိဖုရားနဲ့ပါ

"အခုမင်းကြီးနဲ့ ဘယ်သူတွေရှင်နေသေးလည်း

"အထိန်းတော်က တိုက်နေတုန်းပုန်းရှောင်ပြီး နန်းတော်ကိုသတင်းပို့တာပါ ကျန်တာတွေတော့သေပြီထင်ပါတယ်

"ဟက် ကြည့်ရတာ ငါ့ယောကျာ်းကိုငါပဲကယ်ရတော့မယ်ထင်တယ် မဟုတ်ရင် အလကားနေရင် မိန်းမထပ်ယူနေဦးမယ်

"မိဖုရားခေါင်ကြီး

"သွား မနက်ဖြန်အတွက် မြင်းပြင်

"ဟို မိဖုရားခေါင်က ရင်သွေးနဲ့ဆိုတော့

"မလိုဘူး ဒီကလေးက မပျော့ညံ့ဘူး ငါ့ခံနိုင်ရည်ငါသိတယ် Ju Yiကိုထားခဲ့မယ် မိဖုရား ၂ပြန်ရောက်ရင် ကူပေးခိုင်းလိုက် Zi Xieကို မြို့အဝင်ကနေပဲစောင့်လို့သာပို့လိုက်

"ဟုတ်ကဲ့ပါ

"(အရှင်အရင်ကသင်ပေးဖူးတဲ့ ပညာတွေအသုံးပြုရတော့မှာပေါ့ ကျွန်တော့ယောကျာ်းကိုထိလို့ကတော့ သေဖို့သာပြင်ထား)

စိတ်တိုနေပေမယ့် စိတ်လျော့ကာ ဗိုက်ကလေးကိုပွတ်လိုက်ပြီး

"သားလေး မင်းတောင့်ခံပေးနော်အခု မယ်မယ်ကလေ သားရဲ့ ခမည်းတော်ကို လူယုတ်မာတွေလက်ထဲက ကာကွယ်ပေးမှာမို့လို့ မယ်မယ့်ကိုအင်အားတွေပေးနော်

Qing Laiပြုံးကာ ကလေးကိုစကားတွေပြောနေလိုက်ရင်း မနက်ဖြန် အတွက်စဉ်းစားစရာတွေစဉ်းစားနေလိုက်တယ်
.
.
.
မြင်းစီးဖို့မသင့်လျော်ပေမယ့် သမားတော်က ဖြေးဖြေးစီးရင်ရပါတယ်လို့ပြောတာကြောင့် ဖြေးဖြေးပဲစီးကာ Zi Xieနဲ့စုံရပါကိုထွက်လာခဲ့တယ်

"မိဖုရားခေါင်ကြီးကိုအရိုအသေပေးပါတယ်

"Zi Xieရပါတယ် အခု မင်းကြီးဘယ်မှာလညါး

The Male EmpressWhere stories live. Discover now