Zawgyi
မနေ့က ကလို့ပြီးတာနဲ့ အဆောင်ကိုပြန်ခိုင်းလိုက်ရတယ် မဟုတ်ရင် သူလေးအဆူခံရမှာဆိုးလို့လေ
ဒီနေ့ မနက် လန်းဆန်းတက်ကြွစွာ အဆောင်မှာနိုးထလာခဲ့တယ်
"ဒီနေ့ကောင်လေးနဲ့ ဘယ်သွားရင်ကောင်းမလည်း
"မင်းကြီး
"အထိန်းတော် ဝင်ခဲ့ပါ
"မျက်နှာသစ်ရေပါ
"အင်း ဒီနေ့ ငါကိုယ်တော် ညီလာခံရှိတယ်မလားပြီးရင် ဘာရှိသေးလည်း အထိန်းတော်
"အဲ့ဒါပြီးရင် ဘာမှတော့မရှိပါဘူး စစ်သူကြီး Zi Xieက အရှင်မင်းကြီးမနိုးထခင်ကလာပြီးတော့ အရှင်မင်ကြီးနဲ့ နန်းပြင်ထွက်ဖို့လာခေါ်ပါတယ်
"ဟုတ်လား (ကောင်လေးကိုခေါ်သွားရင်ကောင်းမလား)ကောင်းပါပြီ
အပျိုတော်တွေက ခဏအကြာမှာ ဝတ်စုံလာလည်ပေးကြတယ် ခေါင်းမှာ အဆောင်းဆောင်းပြီး ညီလာခံကိုထွက်လာတော့တယ် ဟိုရောက်တော့ ထုံးစံအတိုင်းအမတ်တွေရဲ့ ရန်ဖြစ်သံတွေ တယောက်နဲ့ တယောက် အပြိုင်အဆိုင်ပြောနေတာတွေက ပုံမှန်ဆို သေချာနားထောင်ကာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆုံးဖြတ်ပေးပေမယ့် အခုတော့ ကောင်လေးစီသွားဖို့သာ
"အရှင်မင်းကြီး ဘယ်လိုထင်ပါလည်း
"ဟမ် အော် ငါကိုယ်တော်နေမကောင်းတော်မူလို့ ညီလာခံသိမ်းစေ
"အရှင်မင်းကြီးကို ကျန်းမာပါစေ ချမ်းသာပါစေ
အရိုအသေပေးကြတဲ့ အမတ်တွေကို ပြစ်ထားကာ Zi Xieရှိတဲ့ စခန်းကိုသွားပြီး အင်္ကျီလဲလိုက်တယ်
"မင်းမြန်လှရီလား
"သွားခေါ်စရာရှိတယ်လေ အပြင်မထွက်ခင်
"ဘယ်သူ..မဟုတ်မှ
"အင်း
"မင်းမကောင်းဘူး မင်းကြတော့
"မင်းလည်းခေါ်ချင်ခေါ်ပေါ့
"ငါက သဘော... ဘယ်သူမဆိုလား
"အေး တခုပဲ Qing Lai ကလွဲလို့
"မင်းဟာလေးကိုမခေါ်ပါဘူး ငါခေါ်ချင်တာတယောက်
YOU ARE READING
The Male Empress
Historical FictionZawgyi ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တယ် #Wen Cheng Unicode ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တ...