Zawgyi
"ဘုရင်မရှိပဲ ဘယ်သူကတော်ဝန်အမိန့်နဲ့ ငါတို့ကိုဆင့်ခေါ်တာလည်းကွ
"မသိပါဘူးကွာ
"ဘယ်သူက...
"မိဖုရားကြီးကြွချီလာပြီ
"ဟမ်
"ဘာ!
စတဲ့ မကျေနပ်သံတွေ တီးတိုးထွက်လာတော့တယ်
ဒါပေမယ့်လည်း Qingရောက်လာတော့ အရိုအသေပေးကြရတာပါပဲ
"မိဖုရားခေါင်ကြီးကျန်းမာ...
"တော် ခင်ဗျားတို့ရဲ့ စိတ်ထဲကမပါတဲ့စကားတွေကျွန်တော်မကြားချင်ဘူး
"...
"ခင်ဗျားတို့က ဘုရင်မရှိဘူးဆိုပြီးလုပ်ချင်တာလုပ်လို့ရမယ်ထင်နေလား
"ဘာပြောတယ်
"အမတ်ကြီး ကျွန်တော်က လက်ရှိနန်းတော်မှာ ရာထူးအကြီးဆုံးပါ စကားကိုဆင်ခြင်ပြေ
"...
Qingက ဘုရင်ခုံမှာမထိုင်မှာ လှေကားမှာဆင်းထိုင်ကာ
"ဒီနေ့လျောက်တင်စရာရှိတာလျောက်တင်တော့
"မိဖုရားခေါင်ကြီးလွယ်နေတယ်ထင်တယ်
"အို ဘာများလည်း
"နန်းတွင်းရေးရာကို မိန်းမတွေဝင်ရောက်ဆွေနွေးခွင့်မရှိပါဘူး
"ဟက် အမတ်ကြီးမေ့နေတာလား ဒီတိုင်းပြည်ကိုအရင်က ဘုရင်မ အုပ်ချုပ်တာပါ ပြီးတော့ ကျွန်တော်က မိဖုရားခေါင်ကြီးဆိုပေမယ့် မိန်းမမဟုတ်ပါဘူး
"အရင်က ဘုရင်မ သန့်စင်သူပါ သူလက်ထပ်ပြီးတော့ ဘုရင်ကပဲအုပ်ချုပ်ခဲ့တာပါ
"အဲ့တော့မင်းပြောချင်တာက
"မိဖုရားခေါင်ကြီးက လက်ထပ်ထားသူပါ ဘုရင့်အောက်ကလူတွေက ဒီလိုနေရာကိုမလာသင့်ပါဘူး
"ဘာပြောတယ် အမတ်ကြီး အတင့်ရဲလှရီလား
"ကျွန်တော်အမှန်တိုင်းပြောတာပါ
"ကောင်းပြီလေ မင်းကအမှန်တိုင်းပြောချင်မှတော့ ငါကလည်းအမှန်တိုင်းလုပ်ပေးရမှာပေါ့ ကုန်းကုန်း
YOU ARE READING
The Male Empress
Historical FictionZawgyi ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တယ် #Wen Cheng Unicode ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တ...