Part (19)

9.2K 543 7
                                    

Zawgyi

Qing Lai တဖြေးဖြေးနဲ့ သက်သာသွားပြီ အခုဆို အနာတွေပျောက်ပြီး အနာဖြစ်ခဲ့တဲ့ နေရာမှာ အညိုကွက်လေးတွေသာရှိတော့တယ်

အဆောင်ထဲမှာ ရေမြေ့သခင် မင်းကြီးက ကောင်လေးရဲ့ အနာတွေကို ဆေးလိမ်းပေးနေရင်း မျက်နှာက ဆူပုပ်နေတာကြောင့်

"ဘာဖြစ်နေတာလည်း Wen စိတ်ညစ်စရာများရှိလို့လား

"ကိုယ်စဉ်းစားမိသွားလို့ပါ

"ဘာကိုလည်း

"ကိုယ်မသိတဲ့အချိန်တုန်းက မင်းကို သမားတော်က ဒီလိုပဲလိမ်းပေးတာလား

"မဟုတ်ပါဘူး ဘာလို့လည်း

"မင်းကိုယ်ကို သူများကိုမမြင်စေချင်ဘူး မြင်တဲ့သူကိုလည်းသတ်ပြစ်မှာ

"(ငါမပြောတာပဲကောင်းပါတယ် အနာစစချင်းဖြစ်တုန်းက ချွတ်ပြခဲ့တာကို) စိတ်ချပါ ကျွန်တော့ ခန္ဓာကိုယ်က Wenအတွက်ပဲ

"ပြီးတာပါပဲ

အမဲစက်လေးတွေကိုဆေးလေးနဲ့တို့ပေးလိုက်တယ်
.
.
.
မိဖုရား၎ရဲ့ ပြောကြားချက်အရ မိဖုရား၃ကိုဂရုနာထားကာ မိဖုရားရာထူးပြန်ပေးပေမယ့် ခြေထောက်မကောင်းသူမို့လို့ ညီမဖြစ်သူ Bai Shan က အနားမှာကူပေးနေရတယ်

"မမ

"ညီမလေးပြောလေ

"အခု ညီမလေးကြားနေရတာတွေက အမြင်ကပ်ကိုကောင်းလွန်းတယ်

"ဘာလို့လည်း

"ဘုရင် က မိဖုရား ၄ဟိုကောင်စီပဲသွားနေတယ်လေ

"ငါဘယ်လိုလုပ်မှ မင်းကြီးက စိတ်ဝင်စားမှာလား

"ညီမတော်သိပြီ ဘယ်လိုလုပ်ရမလည်းဆိုတာကို

"ပြောပြ

"ဒီလို....

"ဟက် ကောင်းသားပဲ

•°•°•° The Male Empress •°•°•°

အနာတွေမရှိတော့ပေမယ့် အမြစ်တွယ်ကျန်ခဲ့မှာဆိုးလို့ ဆေးတွေ သောက်နေရသေးတယ် အခန်းထဲမှာ ပုန်းနေတာကြာတော့ လမ်းလျောက်ဖို့စဉ်းစားမိပြီး

"Ju Yi မင်းလည်း စစ်သူကြီးနားမရှိပဲ င့်စီပဲလာတယ်နော်

"မင်းကြီးက Zi Xieကို အမြဲခေါ်ထားတော့ အိမ်တော်မှငါတယောက်ထဲပျင်းလို့ဟာကို

The Male EmpressWhere stories live. Discover now