Zawgyi
ညီလာခံပြီးတာနဲ့ ချစ်ရသူစီပြေးရပြီလေ ချစ်ရသူလေးက စစ်သူကြီး Zi Xieရဲ့ အိမ်က ဧည့်သည်တွေထားတဲ့ အခန်းမှာ အိပ်နေတယ်တဲ့လေ
"(ဘယ်လိုတောင် အိပ်ရေးပျက်ထားတာလားကွယ်)
စစ်သူကြီးစီကိုရောက်တော့ Zi Xieက Ju Yiနဲ့ စာရင်းလုပ်နေလို့ ထွက်တောင်မကြိုနိုင်ဘူး သူကလည်းဂရုမစိုက်ပါဘူး သူ့ရဲ့ အိပ်နေတဲ့ကလေးကိုလာခေါ်ယုံပဲလေ
*ကျွိ
ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ကောင်လေးရဲ့ မျက်နှာပေါ်က ဆံပင်တွေကို သပ်ပေးကာ နှဖူးလေးကို နမ်းလိုက်ပြီး
"နောက်ကျသွားတာ တောင်းပန်ပါတယ်
ကလေးတယောက်လို အသာအယာမကာ လှည်းထဲမှာ အတူလိုက်ပါလာရတော့တယါ မြင်းကိုတော့ အစောင့် တယောက်က တွဲလာပေးရတယ်
္နနန်းတော်ထဲရောက်တော့ လှည်းပေါ်က ဆင်းတဲ့ထိ လက်ကနေ မချပဲ အိပ်ဆောင်အထိ သယ်ဆောင်သွားတော့ အပျိုတော်တချို့ကလည်း တိုးညှင်းစွာ အတင်းပြောကြရင်း နန်းတော်တခုလုံးပြန့်သွာတော့တယ်
မိဖုရား၂စီ သတင်းရောက်တော့ ~~
လက်ထဲကရေနွေးခွက်ကိုချကာ ပြုံးပြီး
"တော်သေးတာပေါ့ အဆင်ပြေသွားလို့
"မိဖုရား Li Li က သဘောထားကြီးတာပဲ
"အဲ့လိုမဟုတ်ပါဘူး ကိုယ်မရနိုင်တဲ့အရာကို အမုန်းခံပြီးတော့ မလုယူချင်ဘူး လုယူလို့ရလာမယ့် အရာတွေက အမုန်းတွေနာကျင်ခြင်းတွေ ပဲရှိတယ်
"ဟင် မိဖုရားပြောတာကျွန်တော်မျိုးမနားမလည်ဘူး
"နားမလည်တာပဲကောင်းတယ်
ခေါင်းကုတ်ကာ စဉ်းစားနေတဲ့ အထိန်းတော်ကိုပြုံးသာပြုံးပြလိုက်တော့တယ်
အပယ်ဆောင်တွင်တော့~~~
"ဘာလို့သူလည်း !သူက သူ့အမေတိုင်းပဲ ငါ့အမေနဲ့ ငါ့ယောကျာ်းကိုလုယူခြင်နေတာ အရှက်ကိုမရှိဘူး ဟက် ကိုယ့်အဆင့်ကိုယ်မသိတဲ့ကောင်ပဲ ငါမရှိလည်း ငါ့ညီမရှိတယ်လေ
YOU ARE READING
The Male Empress
Historical FictionZawgyi ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တယ် #Wen Cheng Unicode ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တ...