Zawgyi
Qing Laiခေါ်ဆောင်ရာနောက်ကို Ju Yiလိုက်ပါခဲ့တယ် တလမ်းလုံး ဘာမှမပြောပဲ အရင်က ဘုရင်မိဖုရားတွေသာဝင်ခွင့်ရှိတဲ့ ပန်းဥယျာဉ်ကိုရောက်တော့ ဟိုငေးဒီငေးထိုင်ကာ
"Ju Yi အကယ်၍ မင်းသာ မင်းအရမ်းချစ်ခင်ရတဲ့သူက လိမ်ရင် မင်းခွင့်လွှတ်မှာလား
"ဘာလို့လည်း
"သိချင်လို့ပါ
"အင်း အဲ့ဒါက သူလုပ်တဲ့ အပြုအမူပေါ်မူတည်တယ်
"ဘယ်လိုမျိုးလည်း
"သူဘာကြောင့်လိမ်တာလည်း အကျိုးအမြတ်အတွက်လား ကာကွယ်ဖို့အတွက်လား ပျော်ရွှင်စေဖို့လည်း
"အဲ့ဒါဆို ရာထူးကြီးတဲ့သူက ရာထူးမရှိတဲ့သူကို လိမ်ရင်ကော
"အဲ့ဒါအခြေအနေပေါ်မူတည်တယ်
"သူတို့၂ယောက်ကချစ်ကြတယ် ဒါပေမယ့် ရာထူးကြီးတဲ့သူက သာမန်လူလို့လိမ်ထားတယ်ဆိုရင်ကော
"အဲ့ဒါလည်းကာကွယ်တာပဲ သူ့ကို အာဏာကြောင့် ကပ်တယ်ဆိုတာမလိုချင်လို့ အချစ်စစ်နဲ့ အေးအတူ ပူအမျှ လက်ခံနိုင်မယ့်သူကိုလိုချင်လို့
"...
"ဒါနဲ့ ဘာလို့... နေပါဦး မဟုတ်မှ မင်းကြီးက သူလား
"အင်း
"ဟာ
"ငါကငါ့ကိုအရူးလုပ်တ်ာလို့ခံစားလိုက်ရတယ်
"ဒါပေမယ့် အချစ်တော်ဖြစ်တဲ့ မင်းကို မငြိုမငြင်ပဲ ချစ်ခဲ့တယ်လေ
"ဒါပေမယ့်
"မင်းသူ့ကိုစိတ်ဆိုးနေရင် ပြန်ဖြေလိုက်တော့ သူက မင်းကိုချစ်လွန်းလို့ လုပ်ခဲ့တာကြီးပဲ
"ငါစဉ်းစားလိုက်ပါဦးမယ်
"အင်း နောက်မကျစေနဲ့ပေါ့ ငါသွားနှင့်ပြီ
ပန်းဥယျာဉ်ထဲကနေ Ju Yiထွက်သွားသည့်တိုင် Qing Laiထိုင်နေမိတယ်
"ဟိတ်
အနောက်ကနေ ခေါ်လိုက်တဲ့အသံကြောင့်ကြည့်လိုက်တော့
"မိဖုရား Li Li
ခုံကထကာ အရိုအသေပေးလိုက်တော့
"တယောက်ထဲလား
YOU ARE READING
The Male Empress
Historical FictionZawgyi ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တယ် #Wen Cheng Unicode ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တ...