Zawgyi
လက်ထပ် မင်္ဂလာပြုသောနေ့...
နန်းတော် တခုလုံးမှာ မင်္ဂလာ ၃ခုပြုတဲ့နေ့ဖြစ်တာနဲ့ အညီ နန်းတွင်း တခုလုံး ဂုဏ်ပြုစာတန်းတွေ အနီရောင် ပိုးပိတ်စတွေနဲ့ တန်ဆာဆင်ကာ အလှပြုလုပ်ထားကြတယ် မင်္ဂလာဆောင်မယ့် လူ၎ယောက်မှာ ၂ယောက်ကတော့ ဝမ်းနည်းလို့နေတယ်
မင်းကြီးဖြစ်တဲ့ Wen Chengမှာ လက်ထပ်ခါနီး Qing Laiကိုရှင်းပြဖို့ကြိုးစားပေမယ့် မိဖုရား ဖြစ်မယ့်သူတွေနဲ့ လက်ထပ်ခါနီး မတွေ့ရဆိုတဲ့ စည်းကမ်းအရ ရှင်းပြခွင့်မရှိခဲ့တာကြောင့် စိတ်ညစ်လို့နေလေတယ်
Qing Laiကတော့ နန်းတော်ကနေ ထွက်ပြေးလိုက်ချင်ပေမယ့် မိမိကိုချစ်တဲ့ Wen Cheng ဆိုတဲ့ လူကို ဒုက္ခမရောက်
စေချင်လို့ အောင့်အီးကာ နေခဲ့ရတယ်.
.
.လျောက်လမ်းတလျောက်ရဲ့ ဘယ်နဲ့ ညာမှာ မူးမတ်တွေ ရာထူးရာခံတွေဟာ နေရာယူလို့ထားကြပြီ လျောက်လမ်း ရဲ့ အမြင့်ဆုံးမှာတော့ မင်းကြီးက မျက်နှာကို ပုလဲနဲ့ကာထားကာ မိဖုရားများကိုစောင့်လို့နေတယ်
မင်္ဂလာအချိန် ခရာတီးမှုတ်တာနဲ့ မိဖုရား၂ ဖြစ်တဲ့ တိုင်းတပါးက မင်းသမီးLiLiက အနီရောင် သတို့သမီးဝတ်စုံကို အဖြူရောင်သိုးနွေးနဲ့ တွဲကာ ကျက်သရေရှိလှတယ် မျက်နှာကိုတော့ ပဝါနဲ့ကွယ်ထားတာကြောင့် မတွေ့ရပေ မိုးမြေကန်တော့ကာ သေရည်လဲသောက်ပြီးတော့ ဘေးမှာရပ်နေချိန်
ဆင့်ခေါ်သူက ကိုယ်လှုပ်တော်အဆောင်က Mei Long ကို ပထမနည်းအတိုင်း ဆင့်ခေါ်လိုက်ပြန်တယ် မင်္ဂလာဆောင်ဖြစ်တာကြောင့် အနီရောင်ဝတိရပေမယ့် ရာထူးအလိုက် ဝတ်စုံပုံစံကတော့ကွာကြပါတယ် သာမန်ကိုယ်လှုပ်တော် ဖြစ်ခဲ့တာကြောင့် ဘာအဆောင်မှမပါပဲ သာမန် အနီနဲ့ အဖြူစပ်တာကိုသာဝတ်ဆင်ခဲ့ရတယ်
YOU ARE READING
The Male Empress
Historical FictionZawgyi ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တယ် #Wen Cheng Unicode ကိုချစ်ခဲ့တာ ဘုရင်မှန်းမသိခဲ့တဲ့ ငါကရူးနေတာပဲ #Qing Lai မင်းကတခြားသူတွေနဲ့မတူဘူး အဲ့ဒါကပဲငါ့ကိုဆွဲဆောင်တာထင်တ...