Part (16)

9.6K 527 6
                                    

Zawgyi

Wen Chengလည်း Qing Laiထသွားပြီး ခဏအကြာမှာနိုးထလာခဲ့တယ် အခန်းထဲဝေ့ကြည့်လိုက်တော့ ကြာပန်းဖြူတွေ မျက်နှာပေါ်မှာ အပြုံးတခုကိုဆင်မြန်းကာ

"မိဖုရား၎အဆောင် Qing Laiကို သွားပြောလိုက် ဒီည ၂ယောက်ထဲ တွေ့ချင်တယ်လို့

"ဟုတ်ကဲ့ပါဘယ်နေရာလည်းလို့မေးရင်ကော

"မင်းကြီးသူငယ်ချင်းနဲ့တွေ့တဲ့နေရာလို့

"ဟုတ်ကဲ့ပါ

.
.
.

"မင်းကြီးကအဲ့လိုပြောတာလား

"ဟုတ်ပါတယ်

"အင်းလာခဲ့မယ်လို့

မင်းကြီးအဆောင်ကလူထွက်သွားတော့မှ ထိုင်နေတဲ့ နေရာကကောက်ထကာ ဟိုဘက်လျောက်လိုက် ဒီဘက်လျောက်လိုက်လုပ်ရင်း

"ငါဘာလုပ်ရမလည်း သူငါ့ကိုမနောက်လောက်ပါဘူးနော် အဲ့ဒါထက် ငါဘယ်ကစလုပ်ရမလည်း ဟုတ်ပြီ အရင်ဆုံး စိတ်ငြိမ်အောင် အစားအရင်စားမယ်

အဆောင်တံခါးကိုဖွင့်ကာ

"ကျွန်တော့ဗိုက်ဆာလို့

"အခုချက်ချင်းယူခဲ့ပါ့မယ်

"ဟင့်အင်းပေါက်ဆီစားချင်တာ တံတားမှာ

"ပြင်လိုက်ပါ့မယ်

"နေဦး Ju Yiလည်းပျင်းနေလိမ့်မယ် သူ့ပါခေါ်လိုက်

"ဟုတ်ကဲ့ပါ

အပျိုတော်တွေထွက်သွားတော့ အဝတ်အစားတွေ သေသေချာချာပြင်ဝတ်ကာ တံတားစီထွက်လာခဲ့တယါ

တံတားအောက်မှာ ရေပြင်သာမြင်ရပြီး လေတွေတိုက်လွန်းတာကြောင့် သာယာလှတယ် နေ့လည်ရောက်ခါနီးနေသော်လည်း ထီးအမိုးအကာ အောက်မှာထိုင်ကာ ပေါက်ဆီပူပူလေးစားကာ Ju Yiကိုစောင့်နေလိုက်တယ်

"ခုနကပဲ ပြန်သွားတဲ့လူကို ချက်ချင်းပြန်ခေါ်တာတော့မဟုတ်သေးပါဘူး

မနက်ကပဲ Wen Cheng ကိစ္စလုပ်ပေးပြီးတော့ပြန်သွားကြတာကိုမေ့နေလေတယ်

"ဟုတ်သားပဲ ဟီး တောင်းပန်ပါတယ်

"ဒါနဲ့ အခုဘာတွေစားနေတာလည်း

The Male EmpressWhere stories live. Discover now