Part (18)

9.5K 594 11
                                    

Zawgyi

Qing Lai ကိုသူစိတ်ဆိုးမိတယ် သူရှိနေပါလျက်နဲ့ တခြားယောကျာ်းတယောက်ကို သူအိပ်နေတဲ့အချိန်အနားထားတဲ့အတွက် ဖြစ်နိုင်ရင်သတ်ပလိုက်ချင်ပေမယ့်လည်း Zi Xieက သူနဲ့သိတယ်ပြောလို့ သူ့ကိုလွှဲပေးထားတယ်

"သူအကြောင်းရှိလို့နေမှာပါ

"ဒါပေမယ့် ဘာလို့ Qing Lai က သူအိပ်ချိန် တခြားယောကျာ်းတယောက်ကိုခေါ်ထားတာလည်း

"မင်းကြီး အခုဘယ်လိုဖြစ်ချင်တာလည်း ကျွန်မကိုပြောပါ

"ငါက သူအိပ်နေပုံလေးသူများကိုမမြင်စေချင်ဘူး

"(မင်းကြီးရယ် သဝန်တိုနေတယ်လို့သာပြောပါတော့လား) အခုလည်း Qing Lai က မင်းကြီးကိုတွေ့ဖို့ ခွင့်တောင်းတာပဲလေ မင်းကြီး ကမတွေ့တာလေ

"ငါအခုသူ့ကိုတွေ့ဖို့အားမရှိဘူး ငါသူ့အနားမှာတောင် အသက်ကြီးကြီးတွေကိုသက်သက်ထားပါတယ်ဆိုမှ အခုလိုငယ်ငယ်ချောချောလေးကို ခေါ်ထားတော့ တောက် ငါကိုယ်တော် စိတ်အရမ်းညစ်နေတယ်

ထိုအချိန်

"အရှင် ကျွန်တော် Zi Xieပါ

"ဝင်ခဲ့

အခန်းထဲ Zi Xieရောက်လည်းရောက်ကော

"ဘာတဲ့လည်း ဘာကြောင့်လည်း ဘယ်လိုဖြစ်လို့ Qing Laiကခေါ်ထားတာတဲ့လည်း

"ဖြေးဖြေးမေးပါ အရှင်Wen Cheng ရယ်
သူက ကျွန်တော်သိတဲ့ သမားတော် Lu Si

"ငါသိချင်တာသူ့အကြောင်းမဟုတ်ဘူး

"အစတောင်ပြိုးမရဘူး တကယ်ပါပဲ ပြောမယ် ပြောမယ် မိဖုရား၎ Qing Laiက မင်းကြီးပေးတဲ့ အဝတ်ကြောင့် အနာတွေဖြစ်သွားလို့ မင်းကြီးကိုမမြင်စေချင်လို့ သမားတော်ကိုခိုးခေါ်ပြီး ဆေးတွေလုပ်ခိုင်းတာ အပျိုတော်တွေ အစေခံတွေလည်း မသိဘူး မိဖုရား၎ ဖြစ်နေတာသိတာဆို့လို့ သမားတော်ရယ် ရဲမတ် ၂ယောက်ပဲသိတာ မင်းကြီးလာတဲ့အချိန်မှာ သမားတော်က မိဖုရား၎သက်သာအောင် ဆေးအမွှေူလုပ်ပေးနေတုန်းပဲရှိသေးတယ် အနာဖြစ်နေရင် အိပ်တဲ့အချိန်ယားတက်လို့ မယားအောင်လုပ်ပေးတာတဲ့ ရှင်းပြီလား ဟူး

The Male EmpressWhere stories live. Discover now