Ep-2

5K 847 64
                                    



[Unicode]

ကြက်ပျံမကျ ရှုပ်ယှက်ခတ် စည်ကားလှတဲ့ ဈေးလမ်းထဲ
ယောက်ျားကြီး နှစ်ယောက်က အော်ဟစ်ကာ
ဓားကိုင်တုတ်ကိုင်ဖြင့် ကောင်ငယ်လေးတစ်ယောက်၏
အနောက်သို့ပြေးလိုက်နေကြသည် ။

" သူခိုးဗျို့ !!! ....သူခိုး သူခိုး သူခိုး!!!"

ဂျီမင်းလေးမှာ နေမကောင်းဖြစ်နေသေးတဲ့
မိခင်အတွက် ဆေးဆိုင်မှ ဆေးတချို့
ဝယ်ပြီးပြန်ထွက်အလာ ဈေးလမ်းတစ်လျှောက်
ရုတ်ရုတ်သဲသဲဖြင့် အော်သံတွေကြောင့်
စပ်စုချင်စိတ်တို့ဖြင့် အသံလာရာကို လှမ်းကာကြည့်မိသည်။

" ဟင် ဟိုဂူ "

ဝဖိုင့်ဖိုင့်ဦးလေးကြီးနှစ်ယောက်က
သူခိုးဟုအော်ကာ လိုက်ရိုက်ဖို့ကြိုးစားနေသော
ကောင်လေးမှာ ချယ်ရီနန်းမြိုင်ဆောင်ကြာမြိုင်တွင်
တောက်တိုမယ်ရ လုပ်ပေးနေသော မိဘမဲ့ကောင်လေး
ဂန်ဟိုဂူပင်ဖြစ်လေသည် ။
ပြီးတော့ ဂျီမင်း၏တစ်ဦးတည်းသော
သူငယ်ချင်းလည်းဖြစ်ပေသည် ။

" ဟာ ဒီကောင်ကတော့ ဘာဖြစ်ပြန်ပြီလဲ မသိဘူး "

ဂျီမင်း သူ၏သူငယ်ချင်းလေး
အရိုက်ခံရတော့မည့်အရေးကို တွေးပူကာ
ထိုလူတွေနောက် ပြေးလိုက်ရတော့သည် ။

ဂျီမင်း သူတို့နောက်ပြေးလိုက်ကာ
မှီသွားတဲ့အချိန်မှာတော့ ဟိုဂူသည် ချောင်ပိတ်မိနေပြီး
ဦးလေးကြီးနှစ်ယောက်၏ ရိုက်နှက်ခြင်းကို
ခံနေရပြီဖြစ်သည် ။

" သူခိုးကောင် မင်းကများ ရာရာစစ
ငါ့ဆိုင်က မုန့်ကိုခိုးရဲတယ် ..
ဒီနေ့တော့ မင်းသေပြီသာမှတ်
မှတ်လောက်သားလောက်အောင်ကို ဆုံးမပြဦးမယ် "

ဦးလေးကြီးနှစ်ယောက်သည် ပါးစပ်ကလည်း
ပြောဆိုရင်း မြေပြင်ပေါ်လူးလိမ့်နေသော
ဟိုဂူအား ကန်ကြောက်နေပေတော့သည် ။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့
ဂျီမင်းမှာတော့ မျက်လုံးတွေပါ ပြာဝေသွားပြီး
သူ၏သူငယ်ချင်း ဆက်အရိုက်မခံရတော့ဖို့အရေး
ဘာမှတွေးမနေတော့ပဲ ပြေးဝင်ကာ
ဟိုဂူ့အပေါ်မှ အုပ်မိုးလျက် အစားအရိုက်ခံလေတော့သည် ။

 Mr.GeishaWhere stories live. Discover now