[Zawgyi]
" အဟွတ်... ဟွတ် ဟွတ်!!"
" မေမေ ဒီမှာ သားဆေးလေးကျိုလာတယ်
သောက်လိုက်ဦး "တုန်တုန်ယင်ယင်ဖြင့် သူပေးသော
ဆေးခွက်လေးကို လှမ်းယူလေသော
မိုမိုနို ဟားနားကိုကြည့်ကာ
ဂျီမင်း မျက်ရည်စတို့က ဝေ့ဝဲတက်လာရသည် ။သူဆေးကို ဆေးဆရာညွှန်းသည့်အတိုင်း
မပျက်မကွက်ပုံမှန်တိုက်သော်လည်း
ဟားနားမှာ ပျောက်မသွားသည့်အပြင် ပိုလို့သာ
ဆိုးဝါးလာလေခဲ့သည် ။ဂျီမင်း ကြောက်ပါသည်
ဒီလိုအခြေနေကနေ သူ၏အမေကိုဆုံရှုံးလိုက်ရမှာ
သူ့တွင် မိုမိုနိုဟားနားတစ်ယောက်ပဲ ရှိခဲ့သည်မလား" ဂျီမင်းရေ.....ဂျီမင်း
ဂျီမင်း.. ဂျီမင်း "ဂျီမင်းတစ်ယောက် ကျလုဆဲဆဲ
မျက်ရည်တို့ကို မြန်ဆန်စွာ သုတ်လိုက်ပြီး
အမောတကော ဖြင့် သူ၏နာမည်ကိုအော်ခေါ်ကာ
ပြေးဝင်လာသော ဟိုဂူကိုလှည့်ကာကြည့်လိုက်ရသည် ။" ဘာဖြစ်လာတာလဲ ဟိုဂူရာ
ဒီမှာငါ့အမေနေမကောင်းဘူးကွ အော်ကြီးဟစ်ကျယ်နဲ့ "ဂျီမင်းက ဆူဟောက်လိုက်တော့
ဟိုဂူသည် ခေါင်းလေးငုံ့ပါးစပ်လေးပိတ်ကာ
ခြေလှမ်းပါဖွဖွလေးနင်း၍ ဂျီမင်းအနားသို့လာလေသည် ။အနားသို့ရောက်ကာမှ
ဂျီမင်းအနား တိုးကပ်ကာ
စကားတိုးတိုးလေး ဆိုလေသည် ။" ဂျီမင်း မင်းသိပြီးပြီလား "
" ဘာကိုလဲ "
ဟိုဂူမှာ မျက်လုံးလေးပြူးပြူးပျာပျာဖြင့်
တစ်ခုခုကို ထိတ်လန့်လာပုံရသည်ကြောင့်
ဂျီမင်း သိချင်မိသွားသည် ။" ဟို ဈေးထိတ်က သရေစာ ရောင်းတဲ့ဆိုင်လေ
မနေ့ညက မီးလောင်လို့တဲ့ တစ်ဆိုင်လုံးပြာကျရုံမကဘူး
ဆိုင်နဲ့တွဲထားတဲ့ အနောက်ဘက်ကအိမ်ပါ
မီးထဲပါသွားတယ်တဲ့ "
![](https://img.wattpad.com/cover/187833128-288-k64702.jpg)
YOU ARE READING
Mr.Geisha
أدب الهواة" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe