[Zawgyi]" မဖြစ်နိုင်ဘူး...ဟင့်အင်း!!!
မဖြစ်နိုင်တာ....မဖြစ်ရဘူး
ဟင့်အင်း..."
လက်မခံနိုင်သော အမှန်တရားနှင့်
ရုတ်တရက်ရင်ဆိုင်လိုက်ရသော အခါ
ဂျီမင်းသည်လက်ခံနိုင်ဖို့အင်အားမဲ့စွာ
အကြိမ်ကြိမ်ငြင်းဆန်လို့
သူ၏ချစ်ရသူ သခင်ကြီးကိုတစ်လှည့်
ဂျောင်ကုကိုတစ်လှည့် ကြည့်ကာ
သွေးပျက်မတတ်ဖြစ်နေရသည်။ဂျီမင်းသည် ကူကယ်ရာမဲ့စွာ
နမ်ဂျွန်အား မျှော်ငေးလေသည်
နမ်ဂျွန့်ဆီမှ သူလိုချင်နေသော
ငြင်းဆန်ခြင်းကို မျှော်လင့်သောမျက်ဝန်းတို့ဖြင့်သို့သော် သားကိုသာ စိတ်ရောက်နေသော
နမ်ဂျွန်သည် မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေသော
သားဖြစ်သူ ဂျောင်ကုကိုသာ စိုးရိမ်စွာမေးနေလေသည်။" ကုကီ ဖေဖေ မေးနေတယ်လေ
သား ဒီကိုဘယ်လိုရောက်လာတာလဲလို့
သားမျက်နှာလည်း မကောင်းဘူးဘာဖြစ်နေတာလဲ "နမ်ဂျွန်၏ စိုးရိမ်ပူပန်နေသော
ပုံစံကိုကြည့်ကာ ဂျီမင်းကမ္ဘာကြီးသည် အပြိုပြိုအလဲလဲဖြစ်သွားရသည် ။ အစကနဦးကတည်းက
သူတို့နှစ်ဦးနီးစပ်ခွင့်မရှိနိုင်တာကိုသိထားခဲ့သော်လည်း
ဒီလိုရှုပ်ထွေးသောအခြေနေမျိုးနဲ့ ဝေးကွာရလိမ့်မည်ဟုတော့ထင်မထားခဲ့ပါ ၊ကမ္ဘာကြီးတစ်ခုလုံးတွင်
ဂျီမင်းတစ်ယောက်တည်းကိုသာမြင်သော
ဂျောင်ကုသည်လည်း သူ၏ဖခင်နမ်ဂျွန့်အား
ကြည့်နေသော ဂျီမင်းမျက်ဝန်းတို့၏
အဓိပ္ပါယ်ကို ဖတ်မိတဲ့အခါ တုန်လှုပ်ခြောက်ခြားစွာ
ငြင်းဆန်လေသည် ။" မကြည့်နဲ့! !!"
ဂျောင်ကုသည် ခြောက်ခြားစွာ
နမ်ဂျွန့်အား ကြည့်နေသောဂျီမင်းမျက်ဝန်းတို့ကို
ပိတ်ပင်ရန်အတွက် ဂျီမင်းမျက်နှာအား သူ၏ရင်ခွင်အတွင်းသို့ဆွဲနှစ်လို့ ဖိထားလေသည် ။
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe