Scroll down for Unicode
(Zawgyi)
ဂျီမင်းသည် ကြေးမုံမှန်သားပြင်ထက်
ပုံရိပ်ထင်ဟပ်နေသော သူ၏
ယောက်ျားလေး အသွင် သဏ္ဍာန်ကို
ကြည့်ကာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိနေသည်။မည်သည့်အဝတ်အစားမျိုးက
သူနှင့်ပိုလိုက်ဖက်သလဲဆိုတာ သူမတွေးတတ်တော့ပါ
သူဝယ်ကာ စုဆောင်းထားခဲ့သော
ယောက်ျားဝတ် အင်္ကျီ မျိုးစုံသည် ဘေးတွင်ပုံလျက်သားရှိနေသည် ။ဒီနေ့သည် ဂျီမင်းအတွက်
သခင်ကြီးနမ်ဂျွန်ရှေ့တွင် သူ၏ပုံစံအမှန်
ယောက်ျားလေးပုံစံအမှန်နှင့် တွေ့ဆုံရမည့်နေ့ပင်ဖြစ်လေသည်။' သခင်ကြီးက ဒီလို ပုံစံကို သဘောကျပါ့မလား? '
ထိုကဲ့သို့သော အတွေးကြောင့် အကြိမ်ကြိမ်လဲပစ်ခဲ့သည့်ဝတ်စုံများစွာ ၊ တစ်ခါတစ်ခါ
' ဒီအတိုင်း ဂေးရှားဝတ်စုံကီမိုနိုကိုပဲဝတ်သွားလိုက်ရမလား '
ဆိုပြီး တွေးမိပါသေးသည် ။" ဟူး !!!
ဂျီမင်းနီး ~~ ဟိုဂူခေါင်းမူးလာပြီ
ဝတ်စုံတွေကို တစ်ထည်ပြီး တစ်ထည် လဲနေတာ မပြီးသေးဘူးလား "ဟိုဂူသည် အရွယ်နှင့်မှမလိုက်
ကလေးလို ညည်းညူကာ ရှုံ့မဲ့နေတော့သည် ။
ဂျီမင်းသည် ဟိုဂူ့ဘက်သို့လှည့်လိုက်ပြီး" ဟိုဂူ ဒီဝတ်စုံနဲ့ငါလိုက်လား
သခင်ကြီး သဘောကျလောက်မလားဟင် ?"" သခင်ကြီး သဘောကျဖို့မလိုပါဘူး
ကျွန်တော့် သဘောကျဖို့ပဲလိုတာ "ဂျီမင်းတို့ ကြားထဲ ဝင်လာသောအသံကြောင့်
ဂျီမင်းသည် ခန္ဒာကိုယ်တစ်လျှောက် အေးစိမ့်သွားလေတော့သည် ။သူ၏မြင်ကွင်းရှေ့တည့်တည့်
သူ့အားအေးစက်စွာပြုံးပြနေသော ဂျောင်ကု၏အပြုံးတွေက
သူ့အား တုန်လှုပ်စေပြီး လရောင်အောက်မှာ
အေးစက်စက် ညတစ်ညကို ပြန်မြင်ယောင်မိလေသည်။
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe