[Zawgyi]
ပက်ခ်ဂျီမင်း၏ အသက်၁၄နှစ်အရွယ်
ဒီနေ့သည် သူ၏ပထမဆုံးသော ဂေးရှားတစ်ယောက်အဖြစ်
တရားဝင်ဖျော်ဖြေ မည့်နေ့ဖြစ်သည် ။ဂျီမင်း အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်နေမိသည် ။
ယောက်ျားလေးတစ်ယောက် ဖြစ်နေပါလျက်
အဘယ်ကြောင့် ဂေးရှားမယ်ဖြစ်ချင်ခဲ့ရပါသည်လည်း
သူ့တွင်အကြောင်းပြချက် နှစ်ခုရှိပါသည်ပထမတစ်ချက် ဂျီမင်းရင်ထဲတွင်
သူစင်ပေါ်တွင် ကခုန်နေချိန်
သူ၏အနားတွင် သူ၏အမေ မိုမိုနိုဟာနားနှင့်အတူရှိနေသလိုခံစားရသည်ကြောင့် ၊
ဒုတိယ အချက်မှာတော့
ဂျီမင်း ပထမဦးဆုံး တက်မက်မြတ်နိုးမိသော
သူဌေးကြီး ကင်မ်နမ်ဂျွန်နှင့် နောက်ထပ်တစ်ကြိမ်နီးစပ်နိုင်ခွင့် ၊ ဂျီမင်း နှလုံးသားလေးအား
ပူနွေးလှုပ်ခတ်စေနိုင်သည့် သခင်ကြီး၏အပြုံးချိုချိုတွေကိုနောက်တစ်ခါထပ်မြင်နိုင်ခွင့်
တွေကြောင့်ပင်ဖြစ်လေသည် ။ကြားမိပါသေးသည် သခင်ကြီးရဲ့သတင်းတွေ
မိသားစုနဲ့ ဂျပန်မှာ သွားနေထိုင်သည်တဲ့
သခင်ကြီးမှာ မိသားစုရှိသည်တဲ့
ဂျီမင်း မမှုပါ ၊ ဂျီမင်းအတွက် သခင်ကြီးနမ်ဂျွန်ဆိုသည်မှာ ဟိုးအရင်ကတည်းက
ဘယ်သောအခါမှ ပိုင်ဆိုင်ခွင့်မရှိသော လမင်းကြီးတစ်စင်းဆိုတာ ကြိုသိနှင့်နေပြီးသား
ဒီအတိုင်း သခင်ကြီးအရှေ့မှာ အလှပဆုံးနဲ့ အတောက်ပဆုံးဖျော်ဖြေနိုင်ခွင့်ရတဲ့ ဂေးရှားမယ်လေးတစ်ယောက်အဖြစ်ရှိနေရရင်ကျေနပ်ပါပြီ ။" သခင်ကြီးက တစ်နေ့တော့ ပြန်လာမယ်မလားဟင် "
ထိုကဲ့သို့သော ဂျီမင်း၏ ဆန္ဒတွေ၊အိပ်မက်တွေနှင့်
ပြည့်ဝနေခဲ့သော စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသောနေ့လေးမှာပင် ဂျီမင်းအတွက်ကံဆိုးမှုတွေ
သယ်ဆောင်လာပါပြီ
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe