Ep-5

4.3K 772 57
                                    

[Zawgyi]

" မမအို့မီ ​သေချာ​လေး ပြင်​​ပေး​နော်​ "

" ဟို ဂန်​ဟိုဂူတစ်​​ကောင်​လည်း
သခင်​ကြီးလာပြီလား သွားကြည့်​ခိုင်းတာကို
လမ်းမှာတင်​​သေသွားပြီလား မသိဘူး
ပြန်​မလာနိုင်​​တော့ဘူး "

" ဟာ မမအို့မီ နှုတ်​ခမ်း​ဆိုးဆေးကို အရမ်းကြီး မသုံးနဲ့​လေ
ကြည့်​မ​ကောင်း​တော့ပဲ​နေမှာ​ပေါ့ "

" ​ဟေ့ ဟို​ကောင်​မ​လေး
ငါ့ ကိမီုနိုကို ​သေချာကိုင်​ထား​လေ
တွန့်​​ကြေကုန်​​တော့မှာပဲ "

ဂျီမင်း၏ အိပ်​ခန်း​ဆောင်​​လေးအတွင်းမှာ​တော့
ဂျီမင်း၏ အသံနှင့်​ပင်​ ပွစိညံ​နေ​တော့သည်​ ။

သူသည်​ ပုံမှန်​​နေ့​တွေအတိုင်း
ညအခါမှာ ​ဖျော်​​ဖြေ က ပြ ရန်​ ပြင်​ဆင်​​နေခြင်းပင်
ထူးခြား​နေရသည်​မှာ​တော့
သည်​​နေ့တွင်​ ဂျီမင်းသည်​ ပို၍ လွန်​ကဲစွာ
ဂရုတစိုက်​ပြင်​ဆင်​​နေခြင်းပင်
အ​ကြောင်းမှာ​တော့.....

" ဂျီမင်း​ရေ သတင်း​ကောင်းပဲ
ဒီ​နေ့ညကျရင်​​တော့ ငါတို့သခင်​ကြီး နမ်​ဂျွန်
ဒီကိုလာမယ်​တဲ့ သူဂျပန်​က​နေအပြီးပြန်​လာပြီတဲ့​လေ "

မနက်​​စော​စောက သခင်​မကြီးယူဟွမ်
ပြောလိုက်​​သော စကား​ကြောင့်
ဂျီမင်းသည်​ ​ပျော်​လွန်းလို့ မျက်​ရည်​ပင်​ကျမတတ်​ဖြစ်​ခဲ့ရ​သေးသည်​။

နောက်​ဆုံး​တော့ သူ သခင်​ကြီးနဲ့ပြန်​ဆုံခွင့်​ရပြီ
သူ့ရင်​ကို လှုပ်​ရှား​နွေး​ထွေး​စေခဲ့​သော
သခင်​ကြီးရဲ့ အပြုံးကို ​နောက်​တစ်​ခါမြင်​ခွင့်​ရ​တော့မည်

သခင်​ကြီးက သူ့ကိုမှတ်​မိပါ့မလား?
မမှတ်​မိ​လောက်​ပါဘူး​လေ သူလို အညတရ ​ဂေးရှားမယ်​တ်​​ယောက်​ကို....

အ​တွေးနဲ့တင်​ ဝမ်းနည်းမျက်​ရည်​ဝဲရပြန်​ပြီ
ပျော့ညံ့လွန်းလိုက်​တာ ဂျီမင်းရာ..

" ဂျီမင်း​ရေ... ဂျီမင်း! !!
သခင်​ကြီးလာပြီ...သခင်​ကြီးတို့ကား
ဂိတ်​ဝကို ​ရောက်​​နေပြီ "

 Mr.GeishaWhere stories live. Discover now