[Zawgyi]
" သခင်ကြီး ပြောတဲ့ ချယ်ရီနန်းဆောင်ကြာမြိုင်ကို
ရောက်ပါပြီ သခင်ကြီး "ဒရိုက်ဘာလီက ကားနောက်ခန်းတွင်ထိုင်နေသော
သခင်ကြီးနမ်ဂျွန်အား ပြောလိုက်သည်။နမ်ဂျွန်သည် ဆောင်ကြာမြိုင်
ခြံအကျယ်ကြီးကို ကားထဲမှလှမ်းကြည့်လိုက်ပြီး
တအံ့တသြဖြင့်ပြောလိုက်သည်။" အိုး ဆောင်ကြာမြိုင်ကဒီလောက်တောင်ကြီးလား
အဲ့တာကြောင့် စီးပွားရေးသမားတွေကြားမှာ
နာမည်ကြီးနေတာနေမှာ "ထိုအခါ ဒရိုက်ဘာလီက ပြုံးကာဆိုသည် ။
" သခင်ကြီးကသာ ဒါတွေနဲ့ကင်းကင်းနေတာ
လုပ်ငန်းရှင်၊အာဏာရှင် စီးပွားရေးသမားအကုန်လုံးနီးပါး
ကတော့ ချယ်ရီနန်းမြိုင်မှ ချယ်ရီနန်းမြိုင်ဖြစ်နေကြတာ
ဒီက ဂေးရှားမယ် မိုမိုနိုဟားနားကိုဆို
ရူးမတတ်ဖြစ်နေကြတာရယ် "" ငါကြားမိပါတယ် သူမက
အတော်လေး အကအလှမှာ ပါရမီထူးတယ်ဆို "နမ်ဂျွန်သည် အပျော်အပါးမက်သူတစ်ယောက်မဟုတ်ခဲ့ပါ
သို့သော်သူသည် အနုပညာကိုတော့မြတ်နိုးသူဖြစ်သည်။" ဒီနေ့တော့ သခင်ကြီး သူမကို
တွေ့ဖူးတော့မှာပါ ၊ အဲ့အခါကြမှ သူများပြောနေကြတာ
အပိုစကားတွေမဟုတ်ဘူးဆိုတာ "" အေးပါကွာ လီရာ
ဒါပေမယ့်အခု သားလေးကိစ္စကိုအရင်ရှင်းရမယ် "နမ်ဂျွန်သည် သူ၏ပေါင်ပေါ်
ခေါင်းအုံးအိပ်နေသော သူ၏ ရင်နှစ်သည်းချာ
သားလေးကို ခပ်ဖွဖွပွတ်သပ်ရင်ပြောလေသည်။
ထိုအခါ ဒရိုက်ဘာလီသည် အနောက်သို့လှည့်ကြည့်ပြီး" ကုကီလေးက အတော်လေးအိပ်မောကျနေတာပဲ "
" ဟုတ်ပကွာ ပြီးတော့
ဒီနေ့မှ ဒီကလေးဘာဖြစ်တယ်မသိ
ဖအေနားကို အတင်းတွယ်ကပ်နေတော့တာပဲ
ကဲ အခုကြတော့လည်း အိပ်ပျော်နေပြီ
ဘယ်လိုလုပ်ကြမလဲ "
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe