[ Zawgyi]
" မင်းလိုချင်တဲ့ အရာတွေနဲ့ရော ပြည့်စုံနေရဲ့လား
ငါ့မှာ မိန်းမတွေလို တင်တွေရင်တွေမရှိဘူးနော်
မင်းအဆင်ပြေရဲ့လား "ဂျီမင်းကိုယ်တိုင်ပင် သူ့နှုတ်ဖျားမှ
ဒီစကားတွေကို ပြောနေခဲ့သော်လည်း
သူ့ကိုယ်သူရွံမုန်းလှပြီမီးရောင်မှိန်ပျပျအောက်က သူမြင်နေရသော
ဂျောင်ကု၏အကြည့်တွေမှာ
အမှောင်ထုတွေ တရိပ်ရိပ်တိုးလာနေသည်ကိုမြင်နေရပြီး
သူ၏နှလုံးသားအနက်နဲဆုံးနေရာထိကို ကြောက်ရွံ့နေစေခဲ့သည်။
သို့သော် သူသည်လည်း ခေါင်းမာသော
သူတစ်ယောက်မဟုတ်ခဲ့ပါလား
ရှေ့ဆက်တိုးလို့ ဂျောင်ကုအား စကားလုံးတို့ဖြင့်
ထိုးနှက်ဖို့ ကြိုးစားလေသည်။" ဘယ်လိုလဲ ဂျောင်ကု
ဘာလို့ဘာစကားမှဆက်မပြောတော့တာလဲ
မင်းမျှော်လင့်ထားသလို ခန္ဓာကိုယ်မျိုးမဟုတ်ခဲ့လို့..."" အား... !!!"
ဂျီမင်း၏ စကားတို့မဆုံးသေးခင်
ဂျောင်ကု၏ကျယ်လောင်လှသော အော်ဟစ်သံတို့နှင့်အတူ
အနားရှိပစ္စည်းတို့က ပေါက်ခွဲခံနေရတော့သည် ။ဂျောင်သည် ရှိရှိသမျှပစ္စည်းတိုင်းကို
ပေါက်ခွဲဖျက်စီးနေပြီး နှုတ်ဖျားမှလဲ ထပ်တူညီသော
စကားတစ်ခွန်းတည်းကိုသာရေရွတ်လို့နေခဲ့သည်။" အဲ့လို မဟုတ်ဘူး! !!
အဲ့လို မဟုတ်ခဲ့ဘူး
အဲ့လို့မဟုတ်ခဲ့ဘူး လို့.... ကိုကိုရာ "
စိတ်ရှိတိုင်း ဒေါသဖြေပေါက်ခွဲပြီးသောအခါ၌
ဂျောင်ကုသည် မျက်ရည်တို့လွှမ်းသောမျက်နှာငယ်လေးဖြင့်
ဂျီမင်းအနားသို့ တဖြေးဖြေးလျှောက်လှမ်းလာလေသည်။ဂျီမင်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့်
အနောက်သို့ ခြေတစ်လှမ်းဆုတ်မိသည် ။
သို့သော် သူထင်ထားသလို ဂျောင်ကုသည်
သူ့အသားအားမထိခဲ့ပါ
သူ၏မလှမ်းမကမ်းတွင် ဒူးထောက်ထိုင်ချသွားပြီး
သူချွတ်ချထားသော အဝါနုရောင်ကီမိုနိုလေးကိုကိုင်ကာ
ငိုလေသည် ။
ထိုအပြုမူအား ဂျီမင်းကြောင်အစွာ ရအ်ကြည့်နေမိခဲ့တော့သည် ။
![](https://img.wattpad.com/cover/187833128-288-k64702.jpg)
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe