(Zawgyi)
ရင်ဘတ်ထဲမှ ရှုပ်ထွေးတင်းကျပ်နေသော
ခံစားချက်ကြောင့် ဂျီမင်း မျက်မှောင်ကြုံ့လို့
မကျေမနပ်ဖြစ်နေမိသည်။အတွေးထဲတွင်လည်း
မနက်က ဂျောင်ကုလက်ကိုချိတ်ကာ ပြုံးရွှင်စွာ
ထွက်သွားသော မိန်းကလေးအကြောင်းကို
သာသိချင်နေမိသည်။' သူမက ဘယ်သူလဲ? '
' ဂျောင်ကုနဲ့ ဘယ်လို ပတ်သက်နေတာလဲ? '
ဘာကြောင့်မှန်းမသိ
စိတ်ထဲမကျေမနပ်ဖြစ်မိနေတာကြောင့်
အခန်းထဲအခန်းပြင်တောင်မထွက်မိ
ဘာမှလည်း စားချင်စိတ်မရှိတော့သည်ကြောင့်
အိမ်တော်ထိန်းဦးလေးကြီး ခဏခဏလာမေးနေသည်ကိုတောင် အကြိမ်ကြိမ်ငြင်းလွှတ်၍သာနေမိလေသည်။အခန်းထဲ ကုတင်ပေါ်
တစ်နေကုန် ကြောင်တစ်ကောင်လို
ခွေခေါက်လိမ်ပိမ် နေကာ အတွေးမျိုးစုံတွေးနေခဲ့ပြီး
နောက်ဆုံးမှာတော့ ဂျီမင်းတစ်ယောက်
သူ့ကိုယ်သူ ဘာဖြစ်နေသလဲဆိုတာကို
သဘောပေါက်သွားတော့သည် ။' ငါအခု ဂျောင်ကုကို သဝန်တိုနေမိတာလား! ? '
' ဘာလို့လဲ ငါက သခင်ကြီးကိုပဲချစ်တာလေ '
' မဟုတ်ဘူး! !!
ငါသဝန်တိုနေတာမဟုတ်ဘူး
ငါက သခင်ကြီးကိုပဲချစ်တာ
ငါ က........ '
ဂျီမင်းသည် ခေါင်းကိုအတွင်တွင်ရမ်းကာ
ငြိမ်သက်သွားပြန်၏" ဒီရက်ပိုင်းတွေမှာ ဂျောင်ကုက
ငါ့အပေါ်အရမ်းကောင်းလို့ ၊အရမ်းဂရုစိုက်ပေးခဲ့လို့
အရမ်းကြင်နာပေးခဲ့လို့ ငါက အဲ့ဒီအပေါ်မှာ
သာယာမိပြီး စိတ်ယိုင်မိသွားတာပါ
ဟုတ်တယ် ငါကသခင်ကြီး နမ်ဂျွန်ကိုပဲ
ဟိုးငယ်ငယ်ကတည်းက ချစ်ခဲ့တာ "ဂျီမင်းသည် သူ့၏နှလုံးသားတည့်တည့်ပေါ်
လက်တင်လို့ ရင်ခုန်သံတွေကိုစမ်းသပ်အတည်ပြုလို့
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe