Ep-13(Finale)

7.7K 849 219
                                    


(Zawgyi)

အ​မှောင်​သာ ကြီးစိုး​နေ​သော
အခန်းငယ်​​လေး၏​ထောင့်​တစ်​​နေရာ၌
တုန်​ရီစွာ ငိုကြွေး​နေ​သော​ကောင်​ငယ်​​လေးတစ်​​ယောက်
အထီးကျန်​လွန်းလှစွာ သူ၏အနားတွင်​မည်​သူမှရှိမ​နေ
လောကကြီးတစ်​ခုလုံးမှာ သူတစ်​​ယောက်​တည်းသာ
အသက်​ရှင်​ကျန်​ရစ်​ခဲ့သည့်​နှယ်
မ​သေရုံတကယ်​ အသက်​မျှင်းမျှင်းကို
ရှူသွင်း​နေရသည့်​ နှယ်​ တုန်​ယင်​ငို​ကြွေးရင်း
ခြောက်​​သွေ့​နေ​သောနှုတ်​ခမ်းဖျားမှ ​လေသံထွက်​ရုံမျှ​လေး
တ​စေ​ရေရွတ်​​နေ​သော စကား​လေးက ....

" သခင်​ကြီး မ​သေရဘူး
...ဟင့်​အင်း ကျ​နော်​မယုံဘူး သခင်​ကြီးက..
သခင်​ကြီးက ဘာလို့​သေရမှာလဲ
သခင်​ကြီး မ​သေဘူး...
........မ​သေဘူး "

ယခုအချိန်​၌ သူ၏ယုံကြည်​​နေမှုကို
ထောက်​ခံ​ပေးမဲ့သူတစ်​​ယောက်​ကို ဂျီမင်းတကယ်​ကိုလိုအပ်​​နေခဲ့သည်​ ။
သို့​သော်​ သူ၏အနားတွင်​ အမြဲရှိ​နေခဲ့​သော
ဟိုဂူ့ကိုလည်းမ​တွေ့ရသလို
အမြဲတွယ်​ကပ်​​နေတတ်​​သော ​ဂျောင်​ကုသည်​လည်း
နမ်​ဂျွန့်​သတင်းကြားရသည့်​​နေ့မှစလို့
ဂျီမင်းမ​တွေ့ရ​တော့ပါ ။
တစ်​အိမ်​တည်း တစ်​မိုး​အောက်​တည်းရှိ​နေ​သော်​လည်း​ဂျောင်​ကုသည်​ သူ့အားမျက်​နှာ​လေး​တောင်​မပြခဲ့! !

ဖခင်​​သေသွားသည့်​ ​ဂျောင်​ကုအတွက်​က​တော့
သူနှင့်​မျက်​နှာချင်းဆိုင်​ဖို့ အချိန်​မရတာဖြစ်​သင့်​​ပေမယ့်
သူနှင့်​​ဝေး​ဝေးတွင်​ ကြာကြာမ​နေတတ်​​သော
ဂန်​ဟိုဂူက​ရော ဘယ်​​ရောက်​​နေလဲ?

ထိုအ​ကြောင်းကို ဂျီမင်း​တွေမိ​လေ​တော့
ရင်​တွင်း၌ပူပြင်း​လောင်​မြိုက်​သွားရ၏ ။
သူဒီထက်​ပိုပြီး ဘယ်​အရာကိုမှအဆုံးအရှုံးမခံချင်​​တော့ပါ
အထူးသဖြင့်​ သူ့အနားမှာထားချင်​တဲ့သူ​တွေကို​ပေါ့

ဟိုဂူ့ကိုရှာရန်​ ရုတ်​တရက်​ထလိုက်​​လေ​တော့
ချက်​ချင်း ​ခေါင်းထဲမှ မိုက်​ကနဲဖြစ်​သွား​ခြေ​ထောက်​တို့ကပြန်​​ခွေကျသွားရ​လေသည်​ ။
ရက်​​ပေါင်းအ​တော်​ကြာ​အောင်
ဘာမှမစားဖြစ်​ခဲ့တဲ့အကျိုး​တွေပင်
သို့​သော်​ လည်းဂျီမင်းအားကိုတင်းလို့ ထ​လေသည်​ ။

 Mr.GeishaWhere stories live. Discover now