Scroll down for Unicode
(Zawgyi)
" သခင်မကြီး လသာဆောင်မှာ အရေးကြီးဧည့်သည်
ရောက်နေပါတယ် သခင်မကြီးနဲ့တွေ့ချင်လို့တဲ့ "ယူဟွမ် ထိုစကားကိုကြားလိုက်ရတဲ့အခါ
စဉ်းစားသွားရသည် ။
ဒီဆောင်ကြာမြိုင်တွင် ဂျီမင်းမရှိတော့ကတည်းက
အခုလိုမျိုးအထူးဧည့်သည် အရေးကြီးဧည့်သည်ဆိုတာမျိုးတွေသူမဆီရောက်မလာခဲ့တော့တာကြာပါပြီ ။
ထိုသူများ ထိုကဲ့သို့ တကူးတကရောက်လာခဲ့ရတဲ့အကြောင်းအရင်းမှာလည်း တစ်ခုတည်းပင်ဖြစ်သည် ။
သူတို့ ဂျီမင်းကိုလိုချင်ကြသည်
တချို့က တစ်ညတာအတွက်၊
တချို့မှာ မျက်နှာလေးပဲသေချာမြင်ရကာ
အတူစားသောက်ခွင့်ရနိုင်ရေးအတွက် ၊
သာမန်မိသားစုတွေ တစ်သက်စာ စားမကုန်နိုင်လောက်သောစည်းစိမ်တွေပုံပေးကာ လာကမ်းလှမ်းကြခြင်းဖြစ်လေသည် ။
သို့သော် သူမဆီ ထိုသို့သောတောင်းဆိုမှုမျိုးလာလုပ်ခဲ့သည့်
အထူးဧည့်သည်မှာ သူဌေးကြီးနမ်ဂျွန်ကနောက်ဆုံးဖြစ်ခဲ့သည် ။
သူမသည် ထိုသို့လာကမ်းလှမ်းတိုင်း
ဂျီမင်း၏ဆန္ဒကိုမေးခဲ့သည် ။
ဂျီမင်းကငြင်းလျင် သူမသည်ဘယ်အရာကိုမှလက်မခံခဲ့
နောက်ဆုံးသော သူဌေးကြီးနမ်ဂျွန်အလှည့်မှသာ ဂျီမင်း၏ဆန္ဒအတိုင်း လက်ခံပေးခဲ့သည် ။
ဂျီမင်းသည် သူမအားလိုသည်ထပ်ပိုအောင်
ကျေးဇူးဆပ်ခဲ့ပြီးပါပြီ ၊ နောက်ဆုံးသူဌေးကြီးနမ်ဂျွန်ပုံပေးခဲ့သော ပိုင်ဆိုင်မှုစည်းစိမ်တွေအားလုံးကိုတောင် တစ်ပြား တစ်ကျပ်မှယူမသွားပဲ သူမအားပုံပေးခဲ့ပါသေးသည် ။သူမအတွေးတွေသည်
လသာဆောင်သို့အရောက်မှာရပ်တန့်သွားပြီး
လသာဆောင်၏ တံခါးဝတွင် ရပ်နေသော
လက်နက်ကိုင်ဆောင်ထားသော
ယောက်ျားနှစ်ယောက်ကိုစူးစမ်းမိသွားသည် ။" မဖြစ်နိုင်တာ သူများလား? "
ယူဟွမ်သည် သူမအားစူးစိုက်ကြည့်နေသော
ထိုအမျိုးသားနှစ်ဦးကို ကျော်ကာ
လသာဆောင်ထဲသော ဝင်လာခဲ့လေသည် ။
YOU ARE READING
Mr.Geisha
Fanfiction" Love is a land of mines One misstep and you fall. Your heart _no longer yours . It will start beating for someone else. { KookMin Yaoi Fanfiction } Book cover illustration art by shooga sheinn #chikoothwe