(Zawgyi)
"ဦးဦး...."
"အင်း ဘာလဲ TaeTaeလေးရဲ့..."
ကလေးနှစ်ယောက်က Minhoပေါင်ပေါ် တစ်ဖက်စီ လှဲအိပ်ကာ Minhoလည်း ကလေးတွေနဲ့အတူ Zootopia ကိုထိုင်ကြည့်နေရင်းမှ TaeTae ခေါ်သံကြောင့် ငုံ့ကြည့်လိုက်သည်...
"TaeTaeလည်း သားသားလို ကျောင်းတက်လို့ ရဘူးလားဟင် ဦးဦး..."
"ဟင်...."
Minhoကို မော့ကြည့်ကာ မေးနေသော TaeTaeမေးခွန်းကြောင့် Minho ဘာပြောရမလဲ မသိအောင်ဖြစ်သွားရသည်.... ကလေးစိတ်နဲ့ဆိုတော့လည်း သူလည်း သားသားလို လုပ်ချင်ရှာမှာပေါ့....
"TaeTaeလည်း သားသားလို ကျောင်းတက်မယ်လေ နော် ဦးဦး... ကျောင်းမှာ သူငယ်ချင်းတွေ အများကြီးနဲ့ ကစားလို့လည်းရတယ်လို့ သားသားကပြောတယ် ဟုတ်လားဟင် ဦးဦး..."
လှဲနေရမှ ထထိုင်ပြီး Minhoကို မျှော်လင့်တကြီး မျက်ဝန်းတွေနဲ့ မေးနေတဲ့ ဒီကလေးကို Minho ဘယ်လိုရှင်းပြရမလဲ....
"အင်း ဟုတ်တယ် TaeTaeလေးရဲ့... ဒါပေမယ့် TaeTae ကျောင်းသွားတက်မယ်ဆိုရင် TaeTae အိမ်ကတွေ့ပြီး ပြန်ခေါ်သွားရင် လိုက်သွားရမှာနော်...."
"TaeTaeကို အိမ်ကလာခေါ်မယ့်သူ ရှိဘူး ဦးဦးရဲ့... ဘယ်သူမှလည်း TaeTaeကို ပြန်ရှာမှာ ဟုတ်ဘူးတဲ့..."
ဘယ်လို ဒီကောင်လေးကို အိမ်က ရှာမယ့်သူမရှိဘူးတဲ့လား... ဘယ်လို အဓိပ္ပါယ်မျိုးပါလိမ့်....
"TaeTae Appaနဲ့ Ommaကရော..."
"Ommaက ဟိုးကောင်းကင်ပေါ်မှာ.... appaကတော့ ဘယ်သွားလဲ TaeTae သိဘူး... ဟိုမိန်းမကြီးပြောတာတော့ အဝေးကြီးကို သွားတယ်တဲ့ TaeTaeကိုလည်း အချစ်တော့လို့ ထားသွားတာတဲ့... appaက TaeTaeကို သိပ်ချစ်တာကို ဟင့်...."
မျက်ရည်လေး ဝဲတဲဝဲတဲနဲ့ ပြောပြနေသည်မှာ အဖေဖြစ်သူကို သတိရမိသွားတာလားတော့ Minho မပြောတက်....
"ပြီးတော့ အဲ့မိန်းမကြီးက ပြောသေးသည်... နင် ဒီမှာပဲနေခဲ့ အိမ်ပြန်မလာနဲ့... ဘယ်သူမေးမေး အိမ်ကို မသိဘူးလို့ပြော... နင် အိမ်ပြန်လာရင် နင့်ကို သတ်ပစ်မှာလို့ ပြောပြီး TaeTaeကို ပန်းခြံထဲမှာ ထားခဲ့တာ... TaeTae အရမ်းကြောက်တာပဲ..."
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....