(Zawgyi)
ဒီတစ်ခေါက် Sunday ပိတ်ရက်သည်.... Minhoကို အတွေးများဖြင့် အချိန်ကုန်ဆုံးစေခဲ့သည်....
မနက်က တွေ့ခဲ့သော ကောင်လေးအကြောင်းကိုသာ စဉ်းစားနေခဲ့မိသည်မှာ အကြိမ်ကြိမ် အခါခါ...
"မင်္ဂလာပါ... ကျွန်တော့် နာမည် Lee Tae Minပါ တွေ့ရတာ ဝမ်းသာပါတယ်...."
Minhoကို အပြုံးချိုချိုလေးဖြင့် တရိုတသေ နှုတ်ဆက်နေသောကောင်လေးကို Minho ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေမိပြီး ပြန်နှုတ်ဆက်ဖို့ မေ့လျော့နေခဲ့သည်...
ဒီကောင်လေးက TaeTaeလား?... မဖြစ်နိုင်ပါဘူး...
"Appa တွေ့လား... ဦးဦးTaeTaeပါဆို... appaက သားသား ပြောတာမယုံဘူး..."
"ဟမ်... အေး အေး..."
သားသားက Minho လက်ကို လှုပ်ရမ်းကာ ပြောလာတော့မှပဲ Minho အသိတို့ ဝင်လာတော့၏...
"ဒီက?..."
"Lee Tae Minပါ hyung...."
Minho သတိမထားမိတာကို သိနေသည့်အလား ကောင်လေးက နောက်တစ်ကြိမ်ထပ်နှုတ်ဆက်သည်...
"Hyungက Choi Minhoပါ... သားသားရဲ့ appaပါ... တွေ့ရတာ ဝမ်းသာပါတယ် Lee Taemin shi..."
Minho မိတ်ဆက်ရင်းနဲ့ပဲ အရှေ့မှာ ရပ်နေသည့် ကောင်လေးကို အကဲခတ်မိသည်...
မျက်နှာကတော့ TaeTaeနဲ့ အတော်တူသည်... မသိရင် အမြွှာတွေအတိုင်းပဲ...
ဒါပေမယ့် ဒီကောင်လေးက တည်ငြိမ်သည်... ရင့်ကျက်သည်...
TaeTaeကတော့ ကလေးဆန်သည်...
ထိုကောင်လေးရဲ့ အပြုံးတွေသည် လျို့ဝှက်ဆန်လွန်းသည်...
TaeTaeကတော့ ပြုံးလိုက်ရင်တောင် သိပ်ကို ဖြူစင်လွန်းမှန်းသိသာသည်...
ပြီးတော့ ဒီကောင်လေးက TaeTaeထက်ပို ချောသည်... ဖြူလွန်းတဲ့ အသားရည်က blond hairကြောင့် ပိုဝင်းနေသလို... မျက်နှာကလည်း မိန်းကလေးတွေတောင် အရှုံးပေးရလောက်အောင် မိန်းမချောချောသည်....
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....