(Zawgyi)
"သားသားရေ appa ပြန်လာပြီ...."
သားသားကို လှမ်းအသိပေးရင်း အိမ်ထဲသို့ အဝင် ဆူဆူညံညံ အသံတွေကြောင့် အသံကြားရာ ဧည့်ခန်းဘက်ကို သွားကြည့်မိတော့...
သားသားနဲ့ Taeminဆိုတဲ့ ကောင်လေးတို့ ဂိမ်းကို အလုအယှက် အပြိုင်အဆိုင် ဆော့နေကြတာ....
ထိုမြင်ကွင်းကို ကြည့်ရင်း TaeTae အိမ်ကို စရောက်လာပုံကို ပြန်မြင်ယောင်သွားမိသည်...
TaeTaeတုန်းကလည်း သားသားပဲ ခေါ်လာခဲ့တာလေ....
ဂိမ်းကို သဲကြီးမဲကြီးဆော့နေသော သားသားတို့က Minho ဝင်လာသည်ကိုတောင် မသိကြ...
"သားသား...."
Minho အသံပေးလိုက်တော့မှ သားသားရော ကောင်လေးပါလှည့်ကြည့်လာကြသည်....
"Appa ပြန်လာပြီ..."
သားသားကတော့ ဂိမ်းရီမုဒ်ကို ချပြီး Minhoထံပြေးလာသည်....
ကောင်လေးကတော့ ဂိမ်းရီမုဒ်ကို ထိုင်ထားလျက်သားနဲ့ပဲ Minhoတို့ကို ကြည့်နေသည်....
"Appa ဘာမုန့်ပါလဲ...."
"ပါတာပေါ့ကွာ... သားသား အကြိုက်မုန့်တွေချည်းပဲ ဝယ်လာတာ..."
အလုပ်က အပြန် သားသား အတွက် မုန့်ဝယ်လာခြင်းသည်လည်း Minho အတွက် အကျင့်တခုလိုဖြစ်နေသည်...
"ရေးဟေး... ဦးဦးနဲ့ စားမယ်နော် appa..."
လက်ခုပ်လက်ဝါးတီးကာ ပျော်နေသော သားသားက Minho လက်ထဲမှ မုန့်ထုပ်ကို လှမ်းယူသည်....
"သားသား...."
Minho ဟန့်လိုက်တော့ လှမ်းဆွဲနေတဲ့ သားသား လက်တို့ရပ်သွားသည်....
Minho မသိပဲ သူစိမ်းတစ်ယောက်ကို အိမ်ကို ခေါ်လာတာ TaeTaeတစ်ယောက်နဲ့တင် လုံ့လောက်နေပြီလေ...
ဘာလို့ နောက်ထပ်တစ်ယောက်ကို ခေါ်လာရတာလဲ...
"Appa စားမယ်လို့ ဦးဦးနဲ့ အတူ..."
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....