Ep-10

168 12 0
                                    

(Zawgyi)

"ဦးဦး...."

"​ပြော​လေ TaeTae.... ဘာလိုချင်​လို့လဲ...."

ည​နေစာ ချက်​​နေ​သော Minho​ဘေးနား​ရောက်​လာပြီး အင်္ကျီစကိုလာဆွဲ​နေတဲ့ ​ကောင်​​လေးကို ငဲ့ကြည့်​လိုက်​သည်​...

"ဟီးး ဘာမှဟုတ်​ဘူး...."

ရယ်​ပြ​နေပုံ​ထောက်​ရင်​​တော့ တစ်​ခုခုလိုချင်​လို့​နေမှာ​ပဲ....

"ဗိုက်​ဆာ ​နေလို့လား TaeTae... ခဏ​လေး​စောင့်​ ရ​တော့မှာပါ...."

"ဦးဦး အလုပ်​ရှုပ်​​နေတာမလား... TaeTae သားသားနဲ့ သွား​ဆော့​တော့မယ်​​နော်​...."

သြော်​ ဒီက​လေးနှယ်​ ဘာမှ မဟုတ်​ပဲ Minhoအနား​ရောက်​လာပြီး... အခုလည်း သားသားနဲ့ ​ဆော့မယ်​ဆိုပြီး ​ပြေးထွက်​သွားပြန်​တယ်​....

Minho မမြင်​လိုက်​တာက ငါလုပ်​ချင်​တာ လုပ်​လို့ရပြီဆိုပြီး ထို​ကောင်​​လေး ပြုံးသွားတဲ့ အပြုံး​တွေ...

"သားသား ဦးဦးက ဟင်းချက်​လို့ ပြီး​သေးဘူး... ငါတို့ ​ဆော့လို့ရပြီ... လာသွားရ​အောင်​...."

TaeTaeနဲ့ Yoogeun​လေး တစ်​​ယောက်​လက်​ကို တစ်​​ယောက်​ဆွဲလို့ ​ရေချိုးခန်းထဲ ဝင်​သွားကြသည်​....

ရေချိုးခန်းက မီးဖို​ချောင်​နဲ့ တစ်​ဆက်​တည်း တွဲလျက်​ပါရှိ​ပေမယ့်​လည်း ထမင်း ဟင်း​တွေ အမြန်​ကျက်​ဖို့သာ အာရုံ​ရောက်​​နေ​သော Minhoတစ်​​ယောက်​ ထိုက​လေးနှစ်​​ယောက်​ ​ရေချိုးခန်းထဲသို့ ဝင်​သွားသည်​ကို သတိမထားမိလိုက်​​ပေ...

"သားသား​ရေ TaeTae​ရေ ထမင်းစားလို့ရပြီ..."

အားလုံးချက်​ပြီး​တော့ ထုံးစံအတိုင်း ထမင်း ဟင်းတို့ ပုံထည့်​ထားတဲ့ ပန်းကန်​ကို ကိုင်​လို့ Minho အ​ရှေ့ထွက်​ခဲ့လိုက်​သည်​...

ဧည့်​ခန်းထဲ​ရောက်​​တော့ သားသား​ရော TaeTaeကိုပါ မ​တွေ့ရပဲ အရုပ်​​တွေသာ ကြမ်းပြင်​မှာ ပွကျဲ​နေသည်​ကို ​တွေ့ရသည်​...

*ဒီက​လေးနှစ်​​ယောက်​ အိပ်​ခန်းထဲ​ရောက်​​နေပြန်​ပြီထင်​တယ်​....*

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now