Ep-31

174 16 0
                                    

(Zawgyi)

"Taemin မင်း အဲ့တာ ဘာလုပ်နေတာလဲ!!..''

Minho အော်လိုက်တော့ Taeminက လက်ထဲ ကိုင်ထားတဲ့ ဓာတ်ပုံအလ်ဘမ်ကို ဘယ်လိုလုပ်ရမလဲဖြစ်သွားသည့်ပုံ... Minhoကို ကြောင်ကာကြည့်နေလေရဲ့...

"ဟို ဟို ဟိုလေ.....''

ပြီးတော့ Taeminက လန့်သွားပုံလည်းရသည်....

"မင်းကိုငါ အဲ့ဒီဘူးကို မကိုင်ပါနဲ့လို့ ငါမပြောထားဘူးလား....''

TaeTaeသုံးခဲ့တဲ့ အသုံးအဆောင် အချို့နဲ့ TaeTae ဓာတ်ပုံတွေကို ထည့်ကာ သိမ်းထားသော ဘူးကို ကိုင်ကြည့်နေသော Taeminကို တွေ့လိုက်ရချိန်မှာ Minho ရုတ်တရက်ကြီး ဒေါသတွေ တအားထွက်သွားမိသည်....

Taemin အိမ်ကို စရောက်လာထဲက အိပ်ခန်းထဲမှာ သေချာသိမ်းထားတဲ့ ဒီဘူးကို မကိုင်ပါနဲ့လို့ သေချာမှာထားခဲ့တာကို...

"ကျွန်တော်က သိချင်မိလို့ပါ... hyungတို့ပြောပြောနေတဲ့ TaeTaeက ကျွန်တော်နဲ့ ဘယ်လောက်တူလဲ သိချင်မိလို့ပါ....''

မျက်နှာငယ်လေးနဲ့ Taeminကြောင့် Minho ထပ်ပြီးပြောချင်နေပေမယ့်လည်း မပြောရက်ခဲ့....

"အဲ့ဒါဆိုလည်း ငါ့ကို ပြောပါလား...''

"Hyungက ခွင့်မပြုလောက်ဘူး ထင်လို့...''

"အခုကြည့်ပြီးတော့ မြင်လိုက်ရပြီမလား...''

"ဟုတ်ကဲ့... ကျွန်တော်နဲ့ တကယ်တူတာပဲနော်.... hyung သူ့နာမည်က TaeTaeပဲလားဟင်...''

"ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ...''

"ကျွန်တော့်ရဲ့ အိမ်ခေါ်နာမည်ကလည်း TaeTaeပဲ...''

"ဟင်!...''

Taemin စကားကြောင့် Minho အံ့သြသွားရသည်....

Taeminရဲ့ အိမ်ခေါ်နာမည်ကလည်း TaeTaeပဲတဲ့လား... TaeTaeနဲ့သိပ်တူလွန်းတဲ့ Taeminဟာ TaeTaeဖြစ်နေမလား...

"မင်း နာမည် တကယ်TaeTaeပဲလား...''

"အွန်း ဟုတ်တယ်လေ... ဒါပေမယ့် ကျွန်တော့်ကို ဘယ်သူမှတော့ TaeTaeလို့ သိပ်မခေါ်ကြဘူး... ကိုကြီးကလည်း ညီညီလို့ပဲ ခေါ်တာလေ...''

"မင်း မင်းက TaeTaeတော့ မဟုတ်ပါဘူးနော်...''

"မဟုတ်နိုင်ပါဘူး... ကျွန်တော်က ငယ်ငယ်ထဲက ပြင်သစ်မှာနေတာ... ကိုရီးယားကို ရောက်တာတောင် hyungတို့နဲ့ မဆုံခင် လပိုင်းလေးကမှလေ....''

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now