Ep-19

167 16 0
                                    

(Zawgyi)

ကုတင်​ထက်​မှာ လဲ​နေတဲ့ hyungကိုကြည့်​ရင်း Key ​နောင်​တ​တွေ​ တစ်​ပုံတစ်​ပင်​ကြီးရ​နေမိသည်​....

ဆေးပိုက်​မသွင်းထားတဲ့ hyungရဲ့ လက်​တစ်​ဖက်​ကို ယူကာ Keyပါးတွင်​အပ်​ထားရင်း မျက်​ရည်တို့ စီးဆင်းလာသည်​မှာလည်း အဆက်​မပျက်​....

ညထဲ hyungအိမ်​ကို လိုက်​သွားဖို့စိတ်​ကူးရှိ​ပေမယ့်​ Minho တားတာကတစ်​​ကြောင်း သူကိုယ်​တိုင်​ကလည်း မနက်​မှ ​သေချာပြင်​ဆင်​ပြီးသွား​တော့မည်​ဟု ဆုံးဖြတ်​မိလိုက်​တာ​ကြောင့်​ hyung အခုလိုဖြစ်​ရတာ...

Flashback➳ ➳ ➳

Key Minho အိမ်​မှ မနက်​အ​စောကြီးထကာ hyungဆီကို ထွက်​လာခဲ့လိုက်​သည်​....

တစ်​ပတ်​မှာ ​လေးရက်​​လောက်​သည်​ hyungအိမ်​မှာ​နေ,​နေကြမို့ hyung အိမ်​သည်​လည်း Keyအိမ်​လိုဖြစ်​​နေသည်​....

ဒါ​ကြောင့်​ တံခါးကို ကိုယ်​တိုင်​ဖွင့်​ကာ အိမ်​ထဲဝင်​ခဲ့လိုက်​သည်​....

အ​စောကြီးပဲ ရှိ​သေးတာမို့ hyungမနိုး​သေးမှာကိုလည်း သူသိသည်​.... ပိတ်​ရက်​ဆိုရင်​ Keyရောhyungပါ ​အ​စောကြီး မ,ထပဲ ​အေး​ဆေးအိပ်​တက်​ကြတာ အကျင့်​လိုဖြစ်ေ​နသည်​​လေ....

Hyungမနိုးခင်​ Keyမနက်​စာအတွက်​ အရင်​ပြင်​ဆင်​ထားလိုက်​သည်​....

ပြီးမှ hyungကိုနှိုးမည်​... Key​ပြောခဲ့တာ​တွေအတွက်​ hyungကို ​တောင်းပန်​ပြီး မနက်​စာအတူစားကြမည်​ဆိုတဲ့ စိတ်​ကူးဖြင့်​ hyungကို နှိုးရန်​ အိပ်​ခန်းထဲ ဝင်​လာခဲ့လိုက်​သည်​....

°အားးးး!!!!!!......°

ကုတင်​ထက်​က မြင်​ကွင်း​ကြောင့်​ Keyမျက်​စိတစ်​ခုလုံး ပြာ​ဝေသွားရသည်​အထိဖြစ်​သွားသည်​....

ကုတင်​​ပေါ်မှာ ပက်​လက်​ဖြစ်​​နေတဲ့ hyung... ပြီး​တော့ hyungရဲ့ လက်​တစ်​ဖက်​သည်​ ကုတင်​​အောက်​သို့ကျကာ... ထိုလက်​၏ လက်​​ကောက်​ဝတ်​မှ ​သွေးတို့သည်​လည်း တစ်​စက်​ချင်း ​အောက်​သို့ တစ်​​တောက်​​တောက်​ကျ​နေသလို.... ​အောက်​မှာရှိ​နေ​သော ​သွေးတို့သည်​လည်း အိုင်​ထွန်းလို့​နေသည်​...

Memory of Between Us [Zawgyi /Unicode ]Where stories live. Discover now