(Zawgyi)
"Minhoရေ ငါရောက်ပြီဟ...."
"အေး လာပြီ လာပြီ...."
လူခေါ်ဘဲလ်ကလည်း တတောင်တောင်... အသံကလည်း တစာစာနဲ့ အိမ်ရှေ့က Keyကို အသံပြန်ပေးရင်း တံခါး သွားဖွင့်ပေးလိုက်တော့ ပစ္စည်းအပြည့်ပါသော ခြင်းတစ်ခြင်းကို လက်နှစ်ဖက်ဖြင့်ဆွဲလို့ အိမ်ထဲ ဝင်လာသည်... ထိုခြင်းအပြည့်သည် Keyကိုယ်တိုင်လုပ်လာတဲ့ စားစရာတွေပဲဖြစ်လိမ့်မည်....
"ဟူး မောလိုက်တာကွာ... မင်းကလဲ တံခါးလေးလာဖွင့်ဖို့ကို ကြာနေလိုက်တာ..."
"မင်းဟာမင်း ဖွင့်ဝင်လာလည်း ရနေတာကို..."
"ငါ လက်မအားလို့ပေါ့ကွာ... မောရတဲ့ထဲ မင်းကတစ်မျိုး..."
"ဦးဦးKey သားသား ရေယူရာရယ်...."
ခြင်းကို ဘေးချလို့ ကြမ်းပြင်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သော Keyကို သားသားက ရေတစ်ခွက် ကမ်းပေးလာသည်....
"ငါ့ သားလေးပဲ အလိုက်သိတယ်.... လာပါဦး သားသား...."
သားသားကတော့ Keyပေါင်ပေါ် စွေ့ကနဲ့ရောက်သွားသည်....
"ဦးဦးက သားသားကို လွမ်းနေတာ... သားသားကရော...."
"လွမ်းတာပေါ့... appaမှ အပို့ပေးတာကို...."
သားသားက မျက်နှာလေး မဲ့တဲ့ မဲ့တဲ့နဲ့ Keyကို ပြောနေသည်မှာ မြင်သူသနားစရာ.... Keyကို သိပ်လွမ်း သိပ်သတိရနေသူလိုမျိုး....
"ဟေ့ကောင် Choi Yoogeum... မင်းကို ငါလိုက်မပို့တာ မဟုတ်ဘူးလေ.... မင်းဟာမင်း TaeTaeနဲ့ ကစားပြီး ဦးဦးKeyကို မေ့ထားတာ ငါ့ အပြစ်မပြောနဲ့...."
"ဟုတ်ဖူးနော် ဦးဦး သားသားက ဦးဦးကို သတိရနေတာ.... appaကြောတာ အယုံနဲ့နော် ဦးဦး...."
Keyမျက်နှာကို သူ့လက်သေးသေးလေးတွေနဲ့ အုပ်ကိုင်ပြီး appaဖြစ်သူကို မယုံနဲ့လို့ပြောနေတဲ့ သားသားကို Keyအသည်းယားစွာဖျစ်ညှစ်လို့ အနမ်းတွေ တဝကြီးပေးပစ်လိုက်သည်....
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....