Zawgyi
တံခါးဖွင့်လိုက်တာနဲ့ ကမ်းခြေကနေ တိုက်ခတ်လာတဲ့ လေရဲ့ ပင်လယ်ရနံ့သင်းသင်းလေးက အခန်းထဲသို့ ဝင်ရောက်လာသည်...
နေရောင်ခြည်နွေးနွေးဝင်ရောက်နိုင်အောင် ရှိသမျှလိုက်ကာတွေအကုန် ဖွင့်ချလိုက်သည့်တိုင်အောင် ကလေးငယ်က အိပ်လို့ကောင်းတုန်း...
Minhoလည်း တစ်ကိုယ်ရေသန့်ရှင်းရေးလုပ် နှစ်ယောက်သားစားဖို့ မနက်စာ ပြင်ဆင်ပြီးသည့်တိုင်အောင် မနိုးသေးသော ကလေးငယ်ကို နှိုးဖို့ရာ အိပ်ခန်းထဲသို့ နောက်တစ်ကြိမ်ဝင်လာရပြန်သည်....
"ကလေးငယ် ထတော့လေ နေမြင့်နေပြီ... အကြာကြီး အိပ်ရင် ခေါင်းကိုက်လိမ့်မယ်....''
Minho တစ်ခါသာ နှိုးရသေးသည်... အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့်နဲ့ နိုးလာလေသည်....
"ဦးဦး....''
မနေ့ညကအထိ hyungလို့ခေါ်နေခဲ့ပြီးမှ ဒီမနက်ကျတော့ ဦးဦးဖြစ်သွားပြန်သည်....
"အင်း ပြောစေ....''
စောင်တို့ကိုခေါက် အိပ်ရာကို သပ်ရပ်အောင်လုပ်နေရင်း ကလေးငယ်ကို တုန့်ပြန်စကားဆိုတော့...
"TaeTae ဒီနေ့ ရေထဲသွားဆော့မှာနော်...''
"ဟုတ်ပါပြီ ဆော့ရမယ်... ဦးဦး လိုက်ပို့မယ် ဟုတ်ပြီလား... အခုတော့ မျက်နှာသွားသစ် မနက်စာ စားရအောင်....''
"ဟုတ်...''
Minhoကို ဖြေပြီး ရေချိုးခန်းထဲသို့ လှစ်ခနဲ ပြေးသွားလေရဲ့...
"ဖြေးဖြေး ချော်ကျမယ်....''
ပြေးသွားသော ကလေးငယ်ကို လှမ်းသတိပေးရင်း အိပ်ရာသိမ်းခြင်းကို လက်စသတ်လိုက်သည်...
Minhoနဲ့ ကလေးငယ်သည် ကလေးငယ်၏ ကျန်းမာရေးကြောင့် Jinki hyungတို့ ပိုင်သော အပန်းဖြေစံအိမ်မှာ လာရောက်နေထိုင်ခြင်းဖြစ်သည်...
ကမ်းခြေကို မျက်နှာမူကာ ဆောက်ထားသော ဤစံအိမ်ကြီးကို ကလေးငယ်ကတော့ အတော်သဘောကျနေတာ.... အားအားတိုင်း ရေထဲမှာဆော့နေရတာကို သဘောတွေ့နေတာလေ....
ပြီးတော့ တစ်လှည့်စီဖြစ်နေသော ကလေးငယ်၏ မှတ်ဥာဏ်သည်လည်း တော်တော်ကောင်းလာပြီဖြစ်သည်...
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....