Zawgyi
☃☃☃☃☃အချိန်တွေလည်း တရွေ့ရွေ့ ကုန်ဆုံးပြီးနောက် ကလေးငယ်၏ ကျန်းမာရေးပြန်ကောင်းလာတာကြောင့် Minhoတို့ ဆိုးလ်မှာ ပြန်နေဖြစ်ခဲ့ကြသည်....
"Hyung ဒီကြယ်လေးကို အထိပ်မှာလာတင်ပေးပါဦး ကျွန်တော်မမှီလို့...''
အိမ်ထဲ အလှဆင်ဖို့ဝယ်ထားသော ခရစ်စမတ်သစ်ပင်ထိပ်ဖျားထံ လက်လှမ်းရင်း Minhoကို လှမ်းခေါ်လေတာမို့ အိမ်ရဲ့ နံရံတို့တွင် အလှဆင်အရုပ်လေးများကို ချိတ်နေရာမှ အားလုံးကို ချထားခဲ့ကာ ကလေးငယ်ရှိရာသို့ လှမ်းခဲ့လိုက်သည်...
ဧည့်ခန်းအလယ်တည့်တည့်တွင်နေရာယူထားသော အလှဆင်ခရစ်စမတ်သစ်ပင်၏ ထိပ်ဖျားတွင် ကလေးငယ်ပေးသော ကြယ်လေးကို တင်လိုက်သည်....
"ရပြီလား ကလေးငယ်....''
"ဟုတ်ရပြီ... ဒီလို အချိန်မျိုးကြတော့ အရပ်ရှည်တာက ကောင်းလိုက်တာနော်...''
ကလေးငယ်က Minhoကို ညည်းညည်းညူညူလေး ပြောလာသည်.... ဟုတ်ပါတယ် Minho အရပ်နဲ့တောင် ခြေဖျားထောက် လှမ်းတင်ရသည်အထိ အပင်က အနည်းငယ်ကြီးတာကြောင့်လေ...
"Hyung အပေါ်ပိုင်းက ကျွန်တော်မမှီလို့ ဒါလေးတွေလည်း ချိတ်ပေးဦး....''
အောက်မှာချထားတဲ့ သစ်ပင်တွင် အလှဆင်ချိတ်ဆွဲမည့် ပစ္စည်းမျိုးစုံတို့ထည့်ထားသော ပုံးကို ကောက်ယူပွေ့ပိုက်ရင်း ပြောလာသည်မို့ Minhoလည်း အလိုကျ ခေါင်းငြိမ့်မိပြန်သည်....
"Hyung ဟိုနား... hyung ခေါင်းလောင်းလေးကို ဒီဘက်လေးနည်းနည်းတိုး ချိတ်လေ နှစ်ခုက ကပ်နေပြီ...''
"ဟုတ်ပြီ ဟုတ်ပြီ...''
ဘေးနားကနေ ပုံးလေးပိုက်လို့ သူ စိတ်တိုင်းကျ လူကို ခိုင်းနေတာ... ကြည့်နေ ပြီးမှတွေ့ဦးမယ်...
"Hyungပေးတော့ ဒီလောက်ဆို ကျန်တာ ကျွန်တော် ချိတ်လို့မှီပြီ... hyung လုပ်စရာရှိတာ သွားလုပ်တော့လေ... သြော်ပြီး ရင်တော့ အပင်မှာ မီးတွေ လာဆင်ပေးဦးနော်...''
သူ့စိတ်ကြိုက် ပြင်ဆင်ချင်ပါသည် လုပ်ချင်ပါသည်ဟုဆိုတာကြောင့် Minhoလည်း တစ်ခွန်းမှ ဝင်မပြောပဲ စိတ်ကြိုက် လုပ်စေဟူ၍ လွှတ်ပေးထားလိုက်သည်....
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....