(Zawgyi)
"Minho မင်း မျက်နှာလည်း မလန်းပါလားကွာ... ဘာဖြစ်လို့လဲ..."
အဖွဲ့မှူးKeyထံသို့ စာရင်းစာရွက်တွေ သွားအပ်ရင်းမှ Minho အမေးခံရခြင်းဖြစ်သည်...
"မနေ့က TaeTae ဖျားလို့ ငါလည်း တစ်ညလုံး အိပ်မရဘူး... ဘယ်အချိန် အဖျားတွေ တက်နေမလဲဆိုပြီး စိုးရိမ်နေတာနဲ့ နိုးတဝက် အိပ်တဝက်ပဲ..."
"အခုရော အဲ့ကလေး သက်သာလား..."
"မနက်ကတော့ အပူကျသွားတာပဲ... မနက်ပိုင်း ဆေးတစ်ခေါက်တိုက်ခဲ့တယ်... ပြီးတော့ သူ့ကို ဆန်ပြုတ် ပြုတ်ပေးခဲ့ပြီး ထားခဲ့တာ..."
"ဟာ မင်းကလဲ နေမကောင်းတဲ့ ကလေးကို တစ်ယောက်တည်းထားခဲ့ရလား... တစ်ခုခု ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... ပြီးတော့ ဆန်ပြုတ် ပြုတ်ပေးထားခဲ့တယ် ဟုတ်လား... ငါတို့တွေတောင် နေမကောင်းရင် ဆန်ပြုတ်မသောက်ချင်တာ... သူ့လိုကလေးမျိုးကိုဆို သေချာတိုက်မှဖြစ်မှာကို မင်းကွာ... သွားပြန်တော့ မင်းလည်းနား ကလေးကိုလည်း သေချာဂရုစိုက်လိုက်..."
စကားတွေ တရစပ်ပြောသွားတဲ့ အဖွဲ့မှူးKeyကို ဘာပြန်ပြောရမလဲ မသိတော့...
"ဟို လုပ်လက်စ အလုပ်တွေကျန်..."
"ရတယ် ကျန်တာတွေ ထားလိုက် ငါလုပ်လိုက်မယ်... ဂျာကြီးကိုလည်း ငါပြောလိုက်မယ် ပြန်တော့...."
Minho စကားတောင် ဆုံးအောင်ပြောခွင့်တောင်မရလိုက် Keyက အတင်းပြန်ခိုင်းနေလေရဲ့...
"Nae ဒါဆိုလည်း ပြန်ခွင့်ပြုပါ အဖွဲ့မှူး..."
"အင်း... ငါလည်း ညနေ အလုပ်ကအပြန် ဝင်ခဲ့မယ်...."
"Nae...."
Minhoလည်း လိုအပ်တာတွေ သိမ်းပြီး ပြန်ဖို့ပြင်တော့ လုပ်ဖော်ကိုင်ဖက်တွေက ဘာလို့ပြန်တာလဲ မေးတာလို့ ပြန်ဖြေခဲ့ရသေးသည်...
"TaeTaeရေ ဦးဦး ပြန်လာပြီ...."
Minho အသံပေးကာ အိမ်ထဲ ဝင်လာခဲ့ပေမယ့်လည်း တုန့်ပြန်သံမကြားရတာကြောင့် Minho အိပ်ခန်းထဲကိုသာ သွားကြည့်လိုက်တော့ ခင်းပေးထားခဲ့တဲ့ အိပ်ရာပေါ်မှာ ခွေခွေလေး အိပ်ပျော်နေလေရဲ့...
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....