(Zawgyi)
"ငါတို့ အဖွဲ့မှူးကတော့ ညနေ အလုပ်ဆင်းချိန်ဆို တိကျနေတော့တာပဲ... ဘာလည်း သားသားအတွက် မေမေလေး အသစ်တွေ့ထားပြီလား...''
Minho အလုပ်ဆင်းခါနီး ပစ္စည်းတွေ သိမ်းနေတုန်း Yuri Noonaက လှမ်းမေးသည်ကို အပြုံးဖြင့် အရင်တုန့်ပြန်ရင်း...
"မဟုတ်ပါဘူး noonaရာ... သားသား စောင့်နေရမှာ စိုးလို့ပါ... သားသား အတွက် မေမေအသစ် မလိုအပ်ပါဘူး... ကျွန်တော် တစ်ယောက်လုံး ရှိနေတာပဲကို..."
"မဖြစ်နိုင်ပါဘူး... အရင်က အဲ့လိုမှ မဟုတ်တာ.... အခုရက်ပိုင်းမှ ဖြစ်လာတာ... အလုပ်ဆင်းချိန်ဆို အမြဲတက်ကြွနေပြီး မျက်နှာကလည်း ချစ်သူနဲ့ တွေ့ရမှာမို့လို့ ပျော်နေတဲ့ ပုံစံမျိုးဖြစ်နေတာ...''
"ဟုတ်တယ်... ကျွန်မလည်း သတိထားမိတာကြာပြီ...''
အသစ်ဝင်လာတဲ့ အလုပ်သင်လေးကလည်း ဝင်ပြောလာသည်....
တကယ်ပဲ သူတို့ပြောသလိုဖြစ်နေခဲ့တာလားဆိုတာ ကိုယ်တိုင်တောင် သတိမထားမိဘူး...
အလုပ်ဆင်းရင် သားသားနဲ့ Taeminတို့က အိမ်မှာ စောင့်နေတယ်ဆိုတဲ့ အသိကြောင့် Minho အတက်နိုင်ဆုံး အိမ်ကိုစောစောရောက်အောင် ပြန်ချင်မိတာ...
သားသား တစ်ယောက်တည်းတုန်းကတောင် အဲ့လို မဖြစ်ခဲ့တဲ့ Minho စိတ်တွေ အခုမှ ဘာလို့ ပြောင်းလဲလာလဲဆိုတာကိုတော့ မဆန်းစစ်ချင်တော့ပါ... ဒီအတိုင်းလေးပဲ အိမ်ကို ပြန်ချင်နေမိတာပဲ ဖြစ်မှာပါ....
"ပြောပါဦး... ဘယ်ကလည်း ဘယ်သူလည်း....''
"အာ မဟုတ်ပါဘူးဆို noonaကလည်း... သားသားအတွက် ကျွန်တော် ဘယ်တော့မှ အိမ်ထောင် ထပ်မပြုဘူး... ကျွန်တော် လိုချင်ရင် သားသား ငယ်ငယ်ထဲက ယူလိုက်ပြီပေါ့ဗျာ...''
"ဒါဆို ဘယ်သူ့ကြောင့် အခုလိုတွေ ပြောင်းလဲသွားတာလဲ... အလုပ်ဆင်းချိန်မရောက်မီ အလုပ်တွေ အမြန်လက်စသတ် ဆင်းချိန်ရောက်တာနဲ့ အိတ်ဆွဲပြီး ပြေးတာကရော....''
"အဲ့ဒါက သားသား တစ်ယောက်တည်းဖြစ်နေမှာ စိုးလို့... noonaတို့ကလည်းဗျာ လူကို စစ်နေလိုက်ကြတာ...''
YOU ARE READING
Memory of Between Us [Zawgyi /Unicode ]
Random#2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်..... .......................................................... #2min Minhoတို့ သားအဖနှစ်ယောက်၏ ဘဝထဲသို့ TaeTaeဆိုတဲ့ ကောင်လေးဝင်ရောက်လာပြီးနောက်.....