Jimin ထိုစကားတို့အားရွတ်ပြီးနောက်
သူခိုင်းထားသည့်အတိုင်း မျက်လုံးပြန်ဖွင့်ကြည့်သော မည်သည့်အရာမျှမရှိ။ အရာရာ တိတ်ဆိတ်ငြိမ်သက်လျှက်..။"ဟားဟားဟားဟား.."
Jimin လဲ တစ်ချက်ထရီလိုက်သည်။
သူတော်တော်ရူးတာပဲ..မရှိတဲ့သူကိုသွားခေါ်
တော့ ဟိုကလာပါ့မလား။Jimin လဲ ထိုဓားအား ဘေးမှအံ့ဆွဲထဲ
ထည့်ကာ စောင်ကိုခြုံလိုက်၍ပြန်အိပ်စက်သွား
ခဲ့သည်။ Jimin တစ်ခုမလုပ်မိတာက
ပြတင်းပေါက်ပြန်မပိတ်မိခြင်းပင်။Jimin သာ မအိပ်သေးလျှင်
ပြတင်းပေါက်ဆီသို့အောက်မှတွယ်တက်
လာသော တစ်ခုခုအားတွေ့လိုက်မည်မှာအမှန်ပင်။\\\\\❤KILLER LOVER❤/////
Jimin တစ်ယောက် ကျောင်းသို့ ယုံကြည်မှု
အပြည့်ဖြင့် သူ့ကျောင်းခန်းထဲသို့ဝင်လာသည်။
မျက်နှာထက်ရှိ နုတ်ခမ်းဖူးဖူးတို့တွင်လဲ smirk
တစ်ခုချိတ်ဆွဲလျှက်။Taehyung ကတော့ သူ့သူငယ်ချင်းကြီးအား
အရှင်လတ်လတ်မြင်နေရသဖြင့် အံ့သြနေတော့သည်။ JunGi နှင့် Hallen တို့မှာလဲ
ပါးစပ်ဟောင်းလောင်းသားနှင့် ဘာမှမပြောနိုင်
ဖြစ်နေတော့သည်။"Jimin...မနေ့က Yoongi ကိုမခေါ်ဘူးလား"
Taehyung ၏ စိုးရိမ်နေသော လေသံဖြင့်
အမေးကို Jimin ခပ်အေးအေးသာပြန်ဖြေသည်။"ငါခေါ်တယ်..သူမလာဘူး..."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..သူကဘာလို့
မလာရတာလဲ""ရှင်းနေတာပဲ မရှိလို့ပေါ့"
နားမလည်ဟန် ဝင်ပြောသော JunGi အား
Jimin အောင်နိုင်သူအပြုံးဖြင့် ပြန်ချေပသည်။"မင်းဘာမှမဖြစ်တာပဲ ငါဝမ်းသာတယ်ကွာ"
ကျပ်ညပ်နေအောင် တင်းကျပ်စွာ လာဖက်ပါသော
Taehyung ကိုသူဖယ်ချင်ပါသောလည်း အားနာသည်။ သူ့သူငယ်ချင်းကြီးက သူ့ကို
သိပ်ဂရုစိုက်တတ်တာကိုပျော်ပါသည်လေ။