Chapter(7)

459 78 34
                                    

တ​အောင့်​​နေ​တော့ Jimin မှာ ဗိုက်​က​လေး
ပွတ်​ကာ ​အောက်​ထက်​သို့ဆင်းလာ​လေပြီ။
ရှပ်​အင်္ကျီလက်​ရှည်​အပွကြီးနှင့်​ ​ဘောင်းဘီ
ကိုသူ့​ခြေ​ဖမိုး ​ဖောင်း​ဖောင်းက​လေးများအုပ်
သည်​အထိရှည်​​သော ​ဘောင်းဘီကိုတွဲဖက်
ဝတ်​ဆင်​ကာ အိပ်​အ​ပေါ်ထပ်​မှ လှုပ်​စိလှုပ်​စိ
ဆင်းလာပါ​သော Jimin သည်​ က​လေးဆန်
စွာ အလွန်​ချစ်​ဖို့​ကောင်း​နေ​တော့သည်​။

"တီ​လေး​ရေ~~ကျ​နော်​ဗိုက်​ဆာပြီ~
Arjuma တို့ဘာချက်​​နေလဲဟင်​"

မီးဖို​ချောင်​ဘက်​သို့ ​ခေါင်းပြူကြည့်​ကာ
မီးဖိုခန်းထဲတွင်​ Arjuma နှင့်​အတူအလုပ်
ရှုပ်​​နေ​သော တီ​လေးကို ကြည့်​ကာကြည်​နူး
မိသည်​။

"ခဏ​စောင့်​ Minnie ​ရေ~ Minnie ကို​ကြွေးချင်
လို့ တီ​လေးကိုယ်​တိုင်​လုပ်​​ပေး​နေတာ
ပြီး​တော့မယ်​"

"ဟုတ်​"

ကျယ်​ဝန်း​သော မီးဖိုခန်းထဲရှိ ထမင်းဝိုင်း
တွင်​ ဝင်​ထိုင်​ကာ​စောင့်​​နေလိုက်​သည်​။
ခဏ​နေ​တော့ တီ​လေးမှာ ဟင်းပန်းကန်
တို့ကို Jimin ​ရှေ့လာချ​လေ​တော့သည်​။

"Tada~! ဒီအစားအစာက Japanese
ရိုးရာအစားအစာတဲ့ တီ​လေးမှာ Minnie
ကို ကိုယ်​တိုင်​လုပ်​​ကျွေးချင်​လို့ လိုင်း​ပေါ်က
နေလုပ်​နည်း​တွေလိုက်​ကြည့်​ထားတာ"

တီ​လေးက Jimin ​ရှေ့ရှိခုံတွင်​ဝင်​ထိုင်
ရင်းဆို​လေသည်​။ ထို့​နောက်​အ​နောက်
မှာရပ်​​စောင့်​​နေ​သော Arjuma အား
နားလို့ရပြီဟု​ပြောကာ နားခို်င်းလိုက်​​တော့
Arjuma လဲ အရိုအ​သေ​ပေးကာ
ထွက်​သွား​တော့သည်​။

"ဟုတ်​ ​ကောင်း​ကောင်းစားပါ့မယ်​~~"

အသင့်​ချ​ပေးထား​သော သစ်​သားတူ
အား​ကောက်​ကိုင်​ကာ တီ​လေးလုပ်​​ပေး
သော အစားအစာကိုစားကြည့်​​တော့
အရသာ ထူးထူးခြားခြား​လေးဖြင့်
အလွန်​​မွှေး​သော အနံ့​လေးတို့ထွက်
လာသည်​။

တီ​လေးက မီးဖို​ချောင်​ကိစ္စ​တွေလဲနိုင်
နင်းပါသည်​။ တီ​လေးသည်​ တကယ်​ဆို
ဘက်​စုံ​တော်​၍ ပြည့်​စုံသည့်​အမျိုးသမီး
တစ်​​ယောက်​ပင်​။ သူ့ကိုရ​သော ​ယောင်္ကျား
သည်​အလွန်​ကံ​ကောင်းမည်​။
သို့​သော်​ ဘာ့​ကြောင့်​ အခုချိန်​အထိ တီ​လေး
ကို ကြိုက်​​သောသူမရှိတာပါလိမ့်​။
အပျိုကြီးပဲဖြစ်​မည့်​ကံပါသည်​ ထင်​ပါရဲ့။

Killer Lover\\YMWhere stories live. Discover now